ပိုင်ဟက်ထန်း-ရေအားလျှပ်စစ်ဓါတ်အားပေးစက်ရုံ ဘယ်ဘက်ကမ်း ယူနစ်အားလုံးသည် ဓာတ်အား ထုတ်လုပ်ရန် စတင်လည်ပတ်

(GMT+08:00)2022-09-24 14:27:09  

ယခုလ ၂၂ ရက်နေ့က ပိုင်ဟက်ထန်း-ရေအားလျှပ်စစ်ဓါတ်အားပေးစက်ရုံ နံပါတ် ၈ ယူနစ်သည် ၇၂ နာရီကြာ စမ်းသပ်လည်ပတ်မှုကို ချောမောစွာ ဆောင်ရွက်နိုင်ခဲ့ပြီး စီးပွားဖြစ် လည်ပတ်မှုသို့ တရားဝင် လွှဲပြောင်းကာ၊ ယင်းသည် ပိုင်ဟက်ထန်း-ရေအား လျှပ်စစ်ဓါတ်အားပေးစက်ရုံ ဘယ်ဘက်ကမ်း ယူနစ်အားလုံး ဓာတ်အားထုတ်လုပ်ရန် စတင်လည်ပတ်လာခြင်းကို ပြသလျက်ရှိကြောင်း China Media Group မှ ဖော်ပြသည်။

ပိုင်ဟက်ထန်း-ရေအားလျှပ်စစ်ဓါတ်အားပေးစက်ရုံသည် လက်ရှိ ကမ္ဘာတွင် တည်ဆောက်နေသော အတိုင်းအတာအကြီးမားဆုံးနှင့် နည်းပညာအရ အခက်ခဲဆုံးသော ရေအားလျှပ်စစ်စီမံကိန်း ဖြစ်သည်ဟု သတင်းအရသိရသည်။