ဝမ်ယိမှ အာရှအသင်း(Asia Society) ရုံးချုပ်၌ ပြောကြားသည့် မိန့်ခွန်းနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန မိတ်ဆက်

(GMT+08:00)2022-09-24 14:29:31  

တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် စက်တင်ဘာလ ၂၂ ရက်နေ့တွင် နယူးယောက်မြို့ရှိ အာရှအသင်း(Asia Society) ရုံးချုပ်၌ပြောကြားသည့် မိန့်ခွန်းနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူဝမ်ဝင်ပင် သည် စက်တင်ဘာလ ၂၃ရက်နေ့တွင် မိတ်ဆက်ပေးခဲ့ပါသည်။

ဝမ်ယိက ယခုနှစ်များတွင် တရုတ်-အမေရိကန်ဆက်ဆံရေးသည် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ကျဆင်းပြီး ထူထောင်ပြီးနောက် အနိမ့်နေရာတည်ရှိ၍ နှစ်နိုင်ငံပြည်သူများနှင့် ကမ္ဘာ့နိုင်ငံအသီးသီး၏ အနာဂတ်အတွက် ကြီးမားသော မသေချာမှုများကို ဆောင်ကြဉ်းပေးပါကြောင်း၊ တရုတ်နှင့် အမေရိကန်ကြား မှန်ကန်သော ဆက်ဆံရေး လမ်းကြောင်းနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်က အပြန်အလှန် လေးစားမှု၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်မှုနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်မှုတို့ ဖြစ်သည်ဟု ရှင်းလင်းစွာ အဖြေပေးခဲ့ကြောင်း ဝမ်ဝင်ပင်က မိတ်ဆက်ပြောကြားခဲ့ပါသည်။