အာဖဂန်နစ္စတန်နိုင်ငံ မြို့တော်ရှိ ဗလီကျောင်းတစ်ကျောင်းတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ သောကြောင့် လူ ၇ဦး သေဆုံးပြီး ၄၁ ဦး ဒဏ်ရာရရှိ

(GMT+08:00)2022-09-24 14:30:10  

၂၃ ရက်နေ့ ညနေပိုင်းက အာဖဂန်နစ္စတန်နိုင်ငံ ကာဘူးလ်မြို့တော်ရှိ ဗလီကျောင်း တစ်ကျောင်း၌ ကားဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သောကြောင့် လူ ၇ဦး သေဆုံးပြီး ၄၁ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ပေါက်ကွဲမှုဖြစ်ပွားခဲ့ချိန်တွင် ဘာသာရေးလှုပ်ရှားမှု၌ ပါဝင်ကြ သူများသည် တံခါးပေါက်ကို ဖြတ်သွားနေခဲ့ကြကြောင်း၊ လက်ရှိအချိန်အထိ ယခုအကြိမ် ပေါက်ကွဲမှု ပြုလုပ်သည်ဟု ထုတ်ဖော်ပြောဆိုသော အဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂိုလ် မရှိသေးကြောင်း အာဖဂန်နိုင်ငံ ရဲဘက်က ၂၃ရက်နေ့က ပြောကြားခဲ့ပါသည်။