ရှီကျင့်ဖိန်သည် တစ်ပြည်လုံးရှိ လယ်သမားများနှင့် လယ်ယာစိုက်ပျိုးရေးဝန်ထမ်းများအား ပွဲတော်နေ့ ထောမနာပြု နှုတ်ခွန်းဆက်သ

(GMT+08:00)2022-09-23 13:37:57  

ပဉ္စမအကြိမ်မြောက် တရုတ် လယ်သမားများ သီးထွက်ကောင်းပွဲတော် ကျရောက် လာသည့်အခါသမယတွင် တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီအထွေထွေ အတွင်းရေးမှူး၊ တရုတ်နိုင်ငံသမ္မတ၊ ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ပါတီဗဟိုကော်မတီ ကိုယ်စား တစ်ပြည်လုံးလယ်သမားများနှင့် လယ်ယာစိုက်ပျိုးရေး၊ ကျေးလက်ဒေသနှင့် လယ်သမားရေးရာလုပ်ငန်းဆောင်ရွက်နေသော ဝန်ထမ်းများအား ပွဲတော်နေ့ ထောမနာ ပြုကြောင်းနှင့် စိတ်ရင်းမှန်ဖြင့် နှုတ်ခွန်းဆက်သကြောင်းကို ဖေါ်ပြခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။

ရှီကျင့်ဖိန်က ပါတီကော်မတီနှင့် အစိုးရဌာနအဆင့်ဆင့်တို့အနေနှင့် ပါတီ ဗဟိုကော်မတီ၏ လယ်ယာစိုက်ပျိုးရေး၊ ကျေးလက်ဒေသနှင့် လယ်သမားရေးရာမူဝါဒနှင့် စီမံဆုံးဖြတ်ချက်များကို နက်ရှိုင်းစွာဖေါ်ဆောင်ရမည် ဖြစ်ကြောင်း၊ စားနပ်ရိက္ခာလုံခြုံဖူလုံမှု အာမခံပေးရေးကို တွန်းအားပေးပြီး ဆင်းရဲမှု ပပျောက်ရေးဆိုင်ရာ အောင်ကျိုးရလဒ်များ ပိုမိုခိုင်ခံ့အောင်ဆောင်ရွက်ကာ ကျေးလက် ရှင်သန်ရေးလုပ်ငန်းကို ထိရောက်စွာ အားသစ် လောင်းပေးရမည်ဖြစ်ကြောင်း၊ တစ်ပြည်လုံးမှ လယ်သမားများသည် လယ်ယာစိုက်ပျိုးရေး ခေတ်မီရေးတွင် တက်တက်ကြွကြွ လက်တွေ့ကျကျ ပါဝင်ဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြောကြားပါသည်။