အာဂျင်တီးနား Neuquen ပြည်နယ်ရှိ ရေနံချက် စက်ရုံတစ်ရုံတွင် ပေါက်ကွဲမှု ဖြစ်ပွား သောကြောင့် လူအနည်းဆုံး သုံးဦးသေဆုံး

(GMT+08:00)2022-09-23 13:30:23  

စက်တင်ဘာလ ၂၂ ရက်နေ့တွင် အာဂျင်တီးနားနိုင်ငံ Neuquen ပြည်နယ် Plaza Huincul မြို့ရှိ ရေနံချက်စက်ရုံတစ်ရုံတွင် ဆီတိုင်ကီပေါက်ကွဲ၍ မီးလောင်မှု ဖြစ်ပွားရာ လူအနည်းဆုံး သုံးဦးသေဆုံးခဲ့ပါသည်။

      ဒေသခံမီဒီယာများ၏ သတင်းထုတ်ပြန်ချက်အရ မီးလောင်မှုကို ထိုနေ့ ညနေပိုင်းတွင် ထိန်းချုပ်နိုင်ခဲ့ကြောင်း သိရပါသည်။ ပေါက်ကွဲမှုဖြစ်ရသည့် အကြောင်းရင်းကို ရဲများက စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ပါသည်။