ဂျပန်က ပင်လယ်ထဲသို့ နျူကလီးယားညစ်ညမ်းရေထုတ်လွှတ်ဖို့ အစီအစဉ်ကို ပြည်သူ့ဆန္ဒအလျောက် ရပ်စဲသင့်

(GMT+08:00)2022-09-23 13:37:15  

ဒီလ ၂၁ ရက်နေ့တွင် ဂျပန်အရပ်ဘက်အဖွဲ့အစည်းတစ်ချို့သည် တိုကျို လျှပ်စစ်ဓါတ်အားကုမ္ပဏီနှင့် ဂျပန် စီးပွားရေးနှင့်ကုန်ထုတ်လုပ်မှု ဝန်ကြီးဌာနသို့ လူ ၄၂၀၀၀ တို့၏ အမည်ပူးတွဲစာကိုပေးပို့ပြီး ဖူကူရှီမာအမှတ်-၁ နျူကလီးယား လျှပ်စစ် ဓါတ်အားပေးစက်ရုံမှ နျူကလီးယားညစ်ညမ်းရေကို ပင်လယ်ထဲသို့ ထုတ်လွှတ်မည့် အစီအစဉ်ကို ကန့်ကွက်ကြောင်း ဖေါ်ပြခဲ့ကြသည်။ ဂျပန် ဂျိုတိုသတင်းဌာနမှ သတင်းအရ ပြီးခဲ့တဲ့နှစ် ဇွန်လကစပြီး ဂျပန်တစ်ပြည်လုံးတွင် လူ ၂.၂၁ သိန်းတို့ အထက်ပါ အစီအစဉ်ကိုကန့်ကွက်ဖို့ လက်မှတ်ရေးထိုးခဲ့ပြီဟု သိရသည်။

      ခန့်မှန်းချက်အရ အခု ဖူကူရှီမာအမှတ်-၁ နျူကလီးယား လျှပ်စစ်ဓါတ်အားပေး စက်ရုံတွင် နျူကလီးယားညစ်ညမ်းရေသည် တန်ချိန် ၁၃ သိန်းကျော် ရှိနေပြီ ဖြစ်သည်။ နျူကလီးယားညစ်ညမ်းရေတိုးများလာသည်နှင့်အမျှ ဂျပန်အစိုးရက ပင်လယ်သမုဒ္ဒရာဟာ ကိုယ်တိုင် သန့်စင်စွမ်းအားရှိတယ်ဟုဆိုပြီး ညစ်ညမ်းရေကို ပင်လယ်ထဲသို့ ထုတ်လွှတ်ဖို့ အစီအစဉ်ကို တွန်းအားပေးကာ အဲဒီလိုအချိန်ကုန် လူပင်ပန်းမှု အသက်သာဆုံးသော နည်းလမ်းကို ကျင့်သုံးလိုခြင်းဖြစ်သည်။ တကယ်လို့ ဂျပန်က ဒီလိုလုပ်ရင် ပိုများသည့် နိုင်ငံနှင့် ဒေသများမှ ပြည်သူများသည် ကြီးမားသည့် အန္တရာယ်နှင့် ရင်ဆိုင်ရမည် ဖြစ်သည်။ ဂျာမဏီပင်လယ်သမုဒ္ဒရာသိပံ္ပပညာသုတေသနဌာနမှ တွက်ချက်မှုရလဒ်အရ ဂျပန်၏ နျူကလီးယားညစ်ညမ်းရေကို ပင်လယ်ထဲသို့ ထုတ်လွှတ်လျှင် ၅၇ ရက်အတွင်း အဲဒီ ညစ်ညမ်းရေသည် ပစိဖိတ်သမုဒ္ဒရာ၏ နေရာအများအပြားသို့ ပျံ့နှံ့နိုင်ပြီး၊ ၃ နှစ်အတွင်း ညစ်ညမ်းရေ၏ နျူကလီးယားဓါတ်ရောင်ခြည်သည် အမေရိကန်၊ ကနေဒါနှင့် သြစတြေးလျ အထိ ဂယက်ရိုက်ခတ်မှု ဆိုးကျိုးများ ဖြစ်သွားစေမှာ ဖြစ်သည်။ မြစိမ်းရောင် ငြိမ်းချမ်းရေးအဖွဲ့မှ နျူကလီးယား ကျွမ်းကျင်ပညာရှင်က ဂျပန်၏ နျူကလီးယား ညစ်ညမ်းရေထဲတွင် ပါဝင်သော ကာဗွန်-၁၄ ဓါတ်၏ အန္တရာယ်သည် နှစ်ထောင်ချီအတွင်း ဆက်တိုက်တည်ရှိမှာဖြစ်ပြီး မျိုးရိုးဗီဇကိုထိခိုက်မှုများလည်း ဖြစ်နိုင်မည်ဟု ထောက်ပြ ခဲ့သည်။

      ပင်လယ်သမုဒ္ဒရာသည် ဂျပန်၏ အမှိုက်စွန့်ပစ်ပုံးမဟုတ်။ တစ်ကမ္ဘာလုံးက ဂျပန်၏ ကိုယ်ကျိုးဖက်မှုအတွက် နစ်နာဆုံးရှုံးမှု မခံသင့်။ ဂျပန်က ပင်လယ်ထဲသို့ နျူကလီးယား ညစ်ညမ်းရေထုတ်လွှတ်ဖို့ အစီအစဉ်ကို ပြည်သူ့ဆန္ဒအလျောက် ရပ်စဲသင့်ပြီဟု China Media Group မှ သတင်းဆောင်းပါးတစ်ပုဒ်တွင်  ရေးသား ဖေါ်ပြထားပါသည်။