ရုရှားနိုင်ငံတော်ကာကွယ်ရေးဝန်ကြီးဌာနသည် တပ်သားသစ်စုဆောင်ရေး လှုံ့ဆော်မှုကို ရှင်းပြ

(GMT+08:00)2022-09-23 13:31:19  

ရုရှားနိုင်ငံတော်ကာကွယ်ရေးဝန်ကြီးဌာနသည် စက်တင်ဘာလ ၂၂ ရက်နေ့တွင် တပ်သားသစ်စုဆောင်းရေး လှုံ့ဆော်မှုကို ရှင်းပြခဲ့ပါသည်။ သေနတ်သမားများ၊ တင့်ကားမောင်းသူများ၊ အမြောက်ကိုင်များ၊ ယာဉ်မောင်းများနှင့် လေယာဉ်မှူး အပါအဝင် စစ်ရေးတာဝန် ထမ်းဆောင်ရန် လိုအပ်သော ဝန်ထမ်းများကို အရင်ဦးစွာ စုဆောင်းမည်ဖြစ်ပါသည်။

      တပ်သားသစ်အရေအတွက်ကို စစ်ဘက်ဆိုင်ရာအဖွဲ့၏ ဝန်ထမ်းလိုအပ်ချက်များကို မူတည်ပြီး ဆုံးဖြတ်မည်ဖြစ်ကာ အဓိကထည့်သွင်းစဉ်းစားသည်မှာ တိုက်ပွဲ အတွေ့အကြုံ ရှိရန် ဖြစ်ပါသည်။

      ရုရှားနိုင်ငံ၏ လှုံဆော်မှုပြင်ဆင်ရေးဥပဒေအရ တပ်သားသစ် မစုဆောင်းသူများ စာရင်းတွင် နိုင်ငံတော်ကာကွယ်ရေး စက်မှုလုပ်ငန်းမှ ဝန်ထမ်းများအပါအဝင် စုဆောင်းမှုကို ရွှေ့ဆိုင်းခွင့်ရသော ဝန်ထမ်းများ၊ ကျန်းမာရေးကြောင့် စစ်မှုထမ်းရန် ယာယီ မသင့်လျော် သူများ၊ မိသားစုဝင် သို့မဟုတ် အဆင့် ၁ မသန်စွမ်းသူများကို ရေရှည်စောင့်ရှောက်ရန် လိုအပ်သူများ ပါဝင်ပါသည်။