သတ္တမအကြိမ်မြောက် တရုတ်- အာရှ၊ ဥရောပ ကုန်စည်ပြပွဲတွင် ယွမ် ဘီလီယံ ၉၆၀ တန်ဖိုးရှိ စာချုပ်များ ချုပ်ဆို

(GMT+08:00)2022-09-23 15:34:20  

 သတ္တမအကြိမ်မြောက် တရုတ်- အာရှ၊ ဥရောပ ကုန်စည်ပြပွဲကို စက်တင်ဘာလ ၁၉ ရက်နေ့မှ ၂၂ ရက်နေ့အထိ တရုတ်နိုင်ငံ ရှင်းကျန်း ဝေဂါ ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ၌ ကျင်းပခဲ့သည်။ ယခုအကြိမ် ကုန်စည်ပြပွဲ၏ ဆောင်ပုဒ်သည် “အတူတိုင်ပင်၊ အတူ တည်ဆောက်၊ အတူမျှဝေခံစားကာ ပူးပေါင်းဆောင်ရွက်ပြီး အနာဂတ်သို့ တက်လှမ်း ကြခြင်း” ဖြစ်သည်။ ယခုအချိန်အထိစာရင်းအရ ကုန်စည်ပြပွဲတွင် လုပ်ငန်းစဉ် ၃၆၅ ခု ဆိုင်ရာ စာချုပ်များ ချုပ်ဆိုခဲ့ပြီး စုစုပေါင်းတန်ဖိုးမှာ ယွမ် ဘီလီယံ ၉၆၀ ကျော် (အမေရိကန် ဒေါ်လာ ၁၃၅.၄ ဘီလီယံခန့်) ရှိပြီး တရုတ်- အာရှ၊ ဥရောပ ကုန်စည်ပြပွဲများတွင် အများဆုံးပင် ဖြစ်သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။