တရုတ်စီးပွားရေးသည် ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် အရေးကြီးသောအင်ဂျင် ဖြစ်လာ သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနဆို

(GMT+08:00)2022-09-23 13:35:42  

စက်တင်ဘာလ ၂၂ ရက်နေ့ကကျင်းပသော တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက သတင်းထောက်၏ မေးမြန်းချက်ကိုဖြေကြားရာတွင် တစ်ကမ္ဘာလုံး အကြီးဆုံးသော ထွန်းသစ်စစီးပွားရေးနိုင်ငံအဖြစ် တရုတ်နိုင်ငံ၏ စီးပွားရေးမှာ ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန်အရေးကြီးသောအင်ဂျင် ဖြစ်ကြောင်း၊ ၂၀၂၂ခုနှစ် တရုတ် နိုင်ငံတကာဝန်ဆောင်မှု ကုန်သွယ်ရေးကုန်စည်ပြပွဲကို ကျင်းပစဉ်အတောအတွင်း ကမ္ဘာ့ဘဏ်မှ အရာရှိကလည်း တရုတ်နိုင်ငံမှ ကျင့်သုံးသော တံခါးဖွင့်ရေး မူဝါဒ တိုးချဲ့ ဆောင်ရွက်ချက်များကြောင့် အနာဂတ်တွင် တစ်ကမ္ဘာလုံးစီးပွားရေးနာလန်ထူရန် အတွက် ပါဝါထည့်သွင်းမှုဖြစ်လာသည်ဟု ပြောခဲ့ကြောင်း ပြောကြားခဲ့ပါသည်။

ပြောရေးဆိုခွင့်ရှိသူကျောက်လိကျန်းက အမေရိကန်နိုင်ငံသည် ကိုယ်တိုင် မြင့်မားသော ငွေကြေးဖောင်းပွမှုပြဿနာကို ကိုင်တွယ်ဖြေရှင်းရန်အတွက် US Federal ReserveFEDသည် အမေရိကန်ဒေါ်လာ၏ အတိုးနှုန်း အများအပြား တိုးမြှင့်ခြင်းကို ကြိမ်ဖန်များစွာ ပြုလုပ်ခဲ့ပြီး အမေရိကန်ဒေါ်လာ၏တန်ဖိုး အလျင်အမြန် တိုးလာစေသဖြင့် တစ်ကမ္ဘာလုံးငွေ ၃၆ မျိုး၏ တန်ဖိုးမှာ ၁၀ ပုံ ၁ ပုံထက်မနည်း ကျဆင်းလာကာ ဖွံ့ဖြိုးဆဲနိုင်ငံများစွာသည် စီးပွားရေးကျဆင်းလာသည့် ဆိုးကျိုးကို ခံခဲ့ရကြောင်း၊ မိသားစုများစွာကို နေ့ချင်းညချင်းဆင်းရဲလာစေပြီး နာလန်ထူရန် ခက်ခဲ နေသည့် ကမ္ဘာ့စီးပွားရေးကို ပိုမိုဆိုးဝါးလာစေကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ၄င်းက အမေရိကန်ဒေါ်လာ၏တန်ဖိုး တိုးမြှင့်လာခြင်းကြောင့် တစ်ကမ္ဘာလုံး စီးပွားရေးကို အနှောင့်အယှက်ဖြစ်စေသဖြင့် အမေရိကန်နိုင်ငံသည် တာဝန်ယူသော စီးပွားရေးနှင့် ငွေကြေးမူဝါဒကို ကျင့်သုံးဆောင်ရွက်ပြီး နိုင်ငံတကာ ငွေရေးကြေးရေးတည်ငြိမ်မှုကို ကာကွယ်ထိန်းသိမ်းရန်၊ ကမ္ဘာ့စီးပွားရေး နာလန်ထူရန် အတွက် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင်သင့်သည်ဟု အမေရိကန် ဝေါစထရိဂျာနယ်သည် မကြာမီက ရေးသားဖော်ပြခဲ့ကြောင်း၊ ယင်းနှင့်ပတ်သက်၍ ကမ္ဘာ့ဘဏ်အနေဖြင့် အမေရိကန်နိုင်ငံနှင့်ပတ်သတ်ပြီး အလုပ်ပိုလုပ်သင့်ကြောင်း ပြောကြားခဲ့ပါသည်။