တရုတ်အစိုးရအနေဖြင့် တရုတ်လုပ်ငန်းများ၏ တရားဝင် အခွင့်အရေးကို ဆက်လက် ကာကွယ် ထိန်းသိမ်းမည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနဆို

(GMT+08:00)2022-09-23 13:36:21  

စက်တင်ဘာလ ၂၂ ရက်နေ့က ကျင်းပသော တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက အမေရိကန်နိုင်ငံသည် လုံခြုံရေးပြဿနာဖြင့် တရုတ်လုပ်ငန်းများကို ဖိနှိပ်မှုပြုခြင်းနှင့် ပတ်သက်၍ သတင်းထောက်၏ မေးမြန်းချက်ကိုဖြေကြားရာတွင် မိမိတို့ အနေဖြင့် အမေရိကန်နိုင်ငံအား မှားယွင်းမှုကို ချက်ချင်းပြင်ဆင်ရန်၊ တရုတ် လုပ်ငန်းများ အပေါ် မဟုတ်မမှန် ပုတ်ခတ်ပြောဆိုခြင်းနှင့် အကြောင်းမဲ့ ဖိနှိပ်မှုကို ရပ်စဲကာ ဥပဒေကြမ်းတွင် တရုတ်နိုင်ငံနှင့်ပတ်သက်သော အပျက်သဘောဆောင်သည့် အကြောင်းအရာများကို ဖျက်သိမ်းရန် လှုံ့ဆော်တိုက်တွန်းကြောင်း၊ တရုတ်အစိုးရသည် တရုတ်လုပ်ငန်းများ၏ တရားဝင် အခွင့်အရေးကို ဆက်လက်ကာကွယ် ထိန်းသိမ်းမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။