အမေရိကန်သည် တရုတ်နိုင်ငံဆက်သွယ်ရေးကုမ္ပဏီများကို “နိုင်ငံ၏လုံခြုံရေး ခြိမ်းခြောက်မှုစာရင်း” တွင် ထည့်သွင်းထားခြင်းအပေါ် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန တုံ့ပြန်

(GMT+08:00)2022-09-22 13:41:26  

      အမေရိကန်နိုင်ငံ ဖက်ဒရယ်ဆက်သွယ်ရေးကော်မရှင် (Federal Communications Commission) သည် တရုတ်နိုင်ငံဆက်သွယ်ရေးကုမ္ပဏီများကို “နိုင်ငံ၏လုံခြုံရေး ခြိမ်းခြောက်မှုစာရင်း”တွင် ထည့်သွင်းထားခြင်းအပေါ် တုံ့ပြန်ပြောဆိုရာတွင် တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူဝမ်ဝင်ပင်က ယင်းသည် အမေရိကန်က နိုင်ငံလုံခြုံရေးကို အကြောင်းပြပြီး နိုင်ငံ၏အင်အားကို အလွဲသုံးစား ပြုကာ တရုတ်ကုမ္ပဏီများကို အကြောင်းမဲ့ ဖိနှိပ်မှု ပြုသည့် နောက်တစ်ခုလုပ်ရပ်ဖြစ်ကြောင်း စက်တင်ဘာလ ၂၁ ရက်နေ့က ကျင်းပသော ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါသည်။