ရုရှားနှင့်ကန် အာကာသယာဉ်မှူးများ နိုင်ငံတကာအာကာသစခန်းသို့ ဝင်ရောက်

(GMT+08:00)2022-09-22 13:42:42  

ရုရှားနိုင်ငံတော်အာကာသကုမ္ပဏီRoscosmosသည် စက်တင်ဘာလ ၂၁ ရက်နေ့က ရုရှား Soyuz MS-22 အာကာသယာဉ်ကို နိုင်ငံတကာအာကာသစခန်းနှင့် အောင်မြင်စွာချိတ်ဆက်ပြီး ရုရှားအာကာသယာဉ်မှူး ၂ဦးနှင့် အမေရိကန် အာကာသ ယာဉ်မှူး ၁ ဦးတို့သည် နိုင်ငံတကာအာကာသစခန်းသို့ ချောမောစွာ ဝင်ရောက်ခဲ့ကြောင်း၊ ၄င်းအာကာသယာဉ်မှူး ၃ ဦးသည် နိုင်ငံတကာအာကာသစခန်းတွင် ၁၈၈ ရက်ကြာ အလုပ် လုပ်ကြမည်ဖြစ်ကြောင်း စက်တင်ဘာလ ၂၁ ရက်နေ့က ပြောကြားခဲ့ပါသည်။   ၄င်းမှာ Roscosmos နှင့် NASA တို့မှ သဘောတူစာချုပ်ကို လက်မှတ်ရေးထိုး ချုပ်ဆိုပြီးနောက် ပထမဆုံးအကြိမ် ပူးပေါင်းဆောင်ရွက်မှုဖြစ်ပါသည်။

၂၀၂၂ ခုနှစ် ဇူလိုင်လ ၁၄ ရက်နေ့က Roscosmos နှင့် NASA တို့သည် သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးချုပ်ဆိုပြီး ရုရှား Soyuz အာကာသယာဉ်နှင့် အမေရိကန်အာကာသယာဉ်များကို အလှည့်ကျအသုံးပြုပြီး နှစ်ဦးနှစ်ဖက်မှ အာကာသ ယာဉ်မှူးများအား နိုင်ငံတကာအာကာသစခန်းသို့ ပို့ဆောင်မည်ဖြစ်ပါသည်။ Roscosmos က ၄င်းသဘောတူစာချုပ်မှာ နိုင်ငံတကာအာကာသစခန်း စီမံကိန်းမူဘောင်အတွင်းတွင် ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးရန်၊ ငြိမ်းချမ်းရေးကို ရည်ရွယ်ချက်အဖြစ်ထားသော အာကာသ စူးစမ်းလေ့လာရေးနှင့် အသုံးပြုရေးလုပ်ငန်း ထိရောက်စွာ အကောင်အထည်ဖော်ရန် အကျိုးရှိကြောင်း ပြောကြားခဲ့ပါသည်။