ဘယ်လ်ဂျီယံနိုင်ငံတွင် ပြည်လုံးဆိုင်ရာသပိတ်မှောက်သည့်အတွက် လမ်းပန်း ဆက်သွယ်ရေး ဆိုးရွားစွာ ထိခိုက်ခဲ့

(GMT+08:00)2022-09-22 13:35:49  

ယခုလ ၂၁ ရက်နေ့တွင် ဘယ်လ်ဂျီယံနိုင်ငံ အလုပ်သမားများသမဂ္ဂသည် တစ်ပြည်လုံးတွင် အလုပ်သမားများသပိတ်မှောက်ခြင်းကို ကျင်းပခဲ့သည့်အတွက် နိုင်ငံ၏ လမ်းပန်း ဆက်သွယ်ရေး ဆိုးရွားစွာ ထိခိုက်ခဲ့ကြောင်း သိရပါသည်။

      ယခုအကြိမ်သပိတ်မှောက်ခြင်းသည် စွမ်းအင်ဈေးနှုန်းများ မြင့်တက် ခြင်းနှင့် လူနေမှုစရိတ်များ မြင့်တက်လာခြင်းတို့ကို ကိုင်တွယ်ဖြေရှင်းရန် အစိုးရက မှန်ကန်သောဆောင်ရွက်မှုမရှိခြင်းကိုကန့်ကွက်ရန် ရည်ရွယ်ထားကြောင်း၊ ထိုနေ့တွင် ဘရပ်ဆဲလ်မြို့တော်တွင် သပိတ်မှောက်ခြင်းကြောင့် ပြင်းထန်စွာထိခိုက်မှုခံခဲ့ရပြီး မြေအောက်ရထား တစ်လိုင်းတည်းနှင့် ဘတ်စ်ကားလိုင်းအချို့သာ ပုံမှန်ပြေးဆွဲနေပြီး လေဆိပ်တွင် လေယာဉ်များလည်း နောက်ကျမှုနှင့် ပြတ်တောက်မှုများဖြစ်ခဲ့ကာ မြို့တော်သို့ ကိုယ်ပိုင်ကားနှင့်မသွားရန် ရဲဘက်က အကြံပေးခဲ့ကြောင်း သိရပါသည်။