ရေနံစိမ်းဈေးနှုန်းမြင့်တက်နေသောကြောင့် အင်ဒိုနီးရှားတွင် ငွေကြေးဖေါင်းပွမှု ဆက်လက် မြင့်တက်

(GMT+08:00)2022-09-22 13:38:21  

 အင်ဒိုနီးရှားသည် ယခုနှစ် တတိယ ၃ လပတ်တွင် ငွေကြေးဖောင်းပွမှု ဆက်လက် မြင့်တက်လာခြင်းကြောင့် စက်တင်ဘာလတွင် ၁.၀၉ ရာခိုင်နှုန်းအထိ ရောက်ရှိနိုင်မည်ဖြစ်ကြောင်း အင်ဒိုနီးရှားဗဟိုဘဏ်က ခန့်မှန်းထားသည်ဟု China Media Group မှ သတင်းအရ သိရပါသည်။ စက်တင်ဘာလ အစဦးပိုင်းတွင် ကမ္ဘာတစ်ဝန်း ရေနံစိမ်းဈေးနှုန်း မြင့်တက်လာသောကြောင့် အင်ဒိုနီးရှားနိုင်ငံတွင် လောင်စာဆီ ထောက်ပံ့ကြေး ဈေးနှုန်းကို ၃၀ ရာခိုင်နှုန်းခန့် တိုးမြှင့်ခဲ့ပါသည်။ ဗဟိုစာရင်းအင်းဌာန၏ စာရင်းအရ ၂၀၂၂ ခုနှစ် သြဂုတ်လတွင် အင်ဒိုနီးရှား၏ နှစ်စဉ် ပင်မ ငွေကြေးဖောင်းပွမှုနှုန်းသည် ၄.၆၉ ရာခိုင်နှုန်းဖြစ်သည်ဟု သိရပါသည်။