တရုတ်နိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကမ်းလှမ်းချက်ကို မြှင့်တင်ပြီး လူအားလုံး လူ့အခွင့်အရေးကိုခံစားရန် ပန်ကြား

(GMT+08:00)2022-09-22 13:40:01  

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ ၅၁ ကြိမ်မြောက် အစည်းအဝေးကို ဂျီနီဗာတွင် ကျင်းပနေသည်။ ဒေသစံတော်ချိန် ၂၁ ရက်နေ့တွင် ကုလသမဂ္ဂဂျီနီဗာရုံးနှင့် ဆွစ်ဇာလန် နိုင်ငံရှိ အခြားနိုင်ငံတကာအဖွဲ့အစည်းများဆိုင်ရာ တရုတ်ကိုယ်စားလှယ် သံအမတ်ကြီး ချင်ရှုက နိုင်ငံတကာအသိုင်းအဝိုင်းအား ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေး ကမ်းလှမ်း ချက်ကို ထိထိရောက်ရောက် မြှင့်တင်ပြီး ပြည်သူများအား ဥပဒေနှင့်အညီ ကျယ်ပြန့် ပြည့်ဝ တိကျပြီးထိရောက်သော လူ့အခွင့်အရေးကိုခံစားနိုင်ရန် အာမခံပေးပြီး လူသားကံကြမ္မာတူ အသိုက်အဝန်းကို ပူးပေါင်းတည်ဆောက်ရန် ပန်ကြားခဲ့ပါသည်။