အမေရိကန်အား ဌာနေတိုင်းရင်းသားများ၏ အခွင့်အရေးကို ကာကွယ်ထိန်းသိမ်းဖို့ ဆောင်ရွက်ရန် တရုတ်ကိုယ်စားလှယ် ပန်ကြား

(GMT+08:00)2022-09-21 17:49:35  


စက်တင်ဘာလ ၂၀ ရက်နေ့က ကျင်းပသော ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ ၅၁ ကြိမ်မြောက် အစည်းအဝေးနှင့် အဆိပ်ပါသော စွန့်ပစ်ပစ္စည်း ပြဿနာဆိုင်ရာ အထူးအစီရင်ခံတင်ပြမှု ဆွေးနွေးပွဲသို့ တက်ရောက်သည့် တရုတ်ကိုယ်စားလှယ်က အမေရိကန်နိုင်ငံအား ဌာနေတိုင်းရင်းသားများ၏ အခွင့်အရေးကို ကာကွယ်ထိန်းသိမ်းဖို့ ထိရောက်စွာ ဆောင်ရွက်ရန် ပန်ကြားခဲ့ပါသည်။

တရုတ်ကိုယ်စားလှယ်က အမေရိကန်အစိုးရသည် လိမ်လည်လှည့်ဖြားမှု၊ အတင်း အဓမ္မလုပ်ခိုင်းခြင်း စသည့်နည်းလမ်းများဖြင့် အင်ဒီးယန်းလူမျိုးတို့၏ မူရင်းနေထိုင်ရာ ဒေသများကို အဆိပ်ပါသော စွန့်ပစ်ပစ္စည်း သို့မဟုတ် နျူကလီးယားစွန့်ပစ်အမှိုက်များ သွန်ပစ်ရာ နေရာများအဖြစ် အသုံးပြုသဖြင့် သက်ဆိုင်ရာလူနေရပ်ကွက်တွင် ကင်ဆာရောဂါဖြစ်ပွားနှုန်းနှင့် သေဆုံးမှုနှုန်း သိသိသာသာ မြင့်တက်လာမှုကို တရုတ်နိုင်ငံက အာရုံစိုက်နေကြောင်း၊ ဥပမာဆိုလျှင် အမေရိကန်နိုင်ငံရှိ အကြီးဆုံးသော အင်ဒီးယန်း Navajo တိုင်ရင်းသား လူမျိုးစုတို့၏ မူရင်းနေထိုင်ရာဒေသတွင် အမျိုးသမီးနှင့် ကလေးငယ် ၄ ပုံ ၁ ပုံခန့်တွင် ကိုယ်ခန္ဓာတွင် ရေဒီယိုသတ္တိကြွဓါတ်ပစ္စည်းရှိသည်ကို တွေ့ရှိနိုင်ကြောင်း၊  အထူးအစီရင်ခံစာ တင်ပြသူအား ယင်းကို အထူးအာရုံစိုက်ရန်၊ အမေရိကန်နိုင်ငံအား ဒေသခံ ဌာနေ တိုင်းရင်းသားများ၏ အခွင့်အရေးကိုကာကွယ်ထိန်းသိမ်းဖို့ဆောင်ရွက်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။