ပဉ္စမအကြိမ်မြောက် တရုတ်နိုင်ငံတကာသွင်းကုန်ကုန်စည်ပြပွဲတွင် မီဒီယာများ မှတ်ပုံတင်ခြင်းကို တရားဝင် ဖွင့်လှစ်

(GMT+08:00)2022-09-21 15:04:11  

ပဉ္စမအကြိမ်မြောက် တရုတ်နိုင်ငံတကာသွင်းကုန်ကုန်စည်ပြပွဲကို ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၅ ရက်နေ့မှ ၁၀ ရက်နေ့အထိ ရှန်ဟိုင်းမြို့၌ ကျင်းပမည်ဖြစ်ကြောင်း၊ မီဒီယာများ မှတ်ပုံတင်ခြင်းစနစ်ကို စက်တင်ဘာလ ၂၁ ရက်နေ့မှ အောက်တိုဘာလ ၁၀ ရက်နေ့အထိ မီဒီယာသတင်းထောက်များအား ဖွင့်လှစ်မည်ဖြစ်ကြောင်း ဆင်ဟွာ သတင်း အရ သိရပါသည်။

မီဒီယာသတင်းထောက်များသည် CIIE ၏ ဝက်ဘဆိုက်(www.ciie.org) နှင့် မိုဘိုင်ဖုန်း APP စသော တရားဝင် ပလက်ဖေါင်းများမှတစ်ဆင့် မှတ်ပုံတင်နိုင်ပါသည်။