စွမ်းအင်ချို့တဲ့မှုကြောင့် ထင်းသည် ဥရောပနိုင်ငံများ၏ ရှားပါးသော ကုန်ပစ္စည်း ဖြစ်လာပြီ

(GMT+08:00)2022-09-21 17:50:39  

ဥရောပနိုင်ငံများ၌ စွမ်းအင်အကျပ်အတည်းကြောင့် ရိုးရာ အပူပေးလောင်စာဖြစ်သည့် ထင်း ဝယ်လိုအား များစွာတိုးလာပြီး ဥရောပဒေသများစွာ၌ ရှားပါးသောကုန်ပစ္စည်းဖြစ်လာ ကြောင်း ဝါရှင်တန် ပို့စ် သတင်းစာမှ ယခုတလော ထုတ်ပြန်ချက်အရ သိရပါသည်။

အချို့ ဥရောပဝယ်သူများသည် နွေရာသီမှာပင် ဆောင်းရာသီ အတွက် ထင်းသိုလှောင်မှုစတင်ခဲ့သောကြောင့် ဥရောပဒေသများစွာ၌ ထင်းဈေးနှုန်း တစ်ရှိန်ထိုး တက်လာပြီး ဂျာမဏီနိုင်ငံ Stuttgart ၌ တရားမဝင် သစ်ပင်ခုတ်လှဲမှု၊ ခိုးယူမှုလည်း တိုးလာခဲ့ကြောင်း သတင်းရရှိပါသည်။

ရုရှားအပေါ် ဥရောပမှ အရေးယူမှု မရပ်တန့်ပါက ဥရောပ၏စွမ်းအင် အကျပ်အတည်း မလွဲမသွေ ဆက်လက်ရှိနေဦးမည်ဟု ကျွမ်းကျင်သူများက ပြောပါသည်။