“ရှီကျင့်ဖိန်၏ ဆိုရှယ်လစ် စိတ်ပိုင်းယဉ်ကျေးမှု တည်ဆောက်ရေးဆိုင်ရာ ပြောဆိုချက်များ ကောက်နှုတ်ချက်” ကို ဖြန့်ချိထုတ်ဝေ

(GMT+08:00)2022-09-21 18:04:28  

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ပါတီသမိုင်းနှင့် မော်ကွန်းဝင် စာတမ်း သုတေသနဌာနမှ တည်းဖြတ်သော “ရှီကျင့်ဖိန်၏ ဆိုရှယ်လစ် စိတ်ပိုင်းယဉ်ကျေးမှု တည်ဆောက်ရေး ဆိုင်ရာ ပြောဆိုချက်များ ကောက်နှုတ်ချက်” ကို မကြာခင်က ထုတ်ဝေဖြန့်ချိခဲ့ပြီး တရုတ်ပြည် တစ်ပြည်လုံး တွင် ထုတ်ဝေခဲ့ပါသည်။

ယင်းစာအုပ်သည် အပိုင်း ၁၀ပိုင်း ခွဲထားပြီး စုစုပေါင်း ပြောဆိုချက် ၅၁၂ ခုပါရှိကာ ရှီကျင့်ဖိန်၏ ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့မှ ၂၀၂၂ ခုနှစ် ဇွန်လ ၈ ရက်နေ့အတွင်း အစီရင်ခံစာများ၊ မိန့်ခွန်းများ၊ ရှင်းပြချက်များ၊ ဟောပြောပွဲများ၊ ဝမ်းမြောက်ကြောင်း သဝဏ်လွှာများနှင့် ညွှန်ကြားချက်များ အပါအဝင် အရေးကြီးသော စာတမ်း ၂၄၀ ပါရှိပြီး အချို့ပြောဆိုချက်များသည် ပထမအကြိမ် ထုတ်ဝေခြင်း ဖြစ်ပါသည်။