ကာတာနိုင်ငံသည် သဲကန္တာရတွင် ကမ္ဘာ့အကြီးဆုံး သောက်ရေကန်ကို တည်ဆောက်

(GMT+08:00)2022-09-21 18:03:27  

ကာတာနိုင်ငံသည် သောက်သုံးရေသိုလှောင်မှုစွမ်းအားနှင့် ပေးဝေမှုစွမ်းအားကို တိုးမြှင့်ရန်နှင့် လာမည့် ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားအတွက် သန့်ရှင်းရေပေးဝေရန်အတွက် သဲကန္တာရတွင် ကမ္ဘာ့အကြီးဆုံးသောက်ရေကန် ၁၅ ခုကို တည်ဆောက်လျက်ရှိနေပါသည်။

ယင်းစီမံကိန်းသည် ပင်လယ်ရေကို ရေချိုဖြစ်ခြင်း၊ ရေသိုလှောင်ခြင်း၊ ရေပေးဝေခြင်း၊ ရေဖြန့်ဖြူးပေးခြင်းစသည့် စီမံကိန်းများကို ပေါင်းစပ်ထားခြင်းဖြစ်ပြီး ၂၀၁၅ ခုနှစ် ဧပြီလမှစပြီး တရားဝင်စတင်တည်ဆောက်ခဲ့ကာ ကာတာနိုင်ငံတစ်ဝန်းရှိ ဒေသ ၅ ခုတွင် အကြီးစားရေလှောင်ကန် ၁၅ ခုကို တည်ဆောက်ရမည် ဖြစ်ပါသည်။ 

ယင်းရေလှောင်ကန်တစ်ခုသည် အရှည်မီတာ ၃၀၀၊ အကျယ် ၁၅၀ မီတာ၊ အမြင့် ၁၂ မီတာ၊ ကုဗမီတာ ၅ သိန်းရှိ၍ ဂင်းနစ်စာရင်းဝင် ကမ္ဘာ့အကြီးဆုံး သောက်ရေကန်ဖြစ်ပါသည်။

အဆိုပါစီမံကိန်းကို တရုတ်ကုမ္ပဏီတစ်ခုက တာဝန်ယူပြီး ဆောက်လုပ်လျက် ရှိနေပါသည်။ တရုတ်နိုင်ငံတည်ဆောက်သူများက ယင်းတို့အနက် အရေးကြီးဆုံး ရေလှောင်ကန် ၂ ခုကို "သဲကန္တာရရှိ ရေကုဗအားကစားရုံ" ဟု ခေါ်ဆိုကြပါသည်။