တရုတ်-အာဆီယံ ကုန်စည်ပြပွဲမှာ ကုန်သည်များက “လာမယ့်နှစ်မှာ လာဦးမယ်”လို့ ပြောဆိုကြတယ်

(GMT+08:00)2022-09-21 17:35:51  

၁၉ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲနဲ့ တရုတ်-အာဆီယံ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံရေး ထိပ်သီးအစည်းအဝေးကို ၁၉ ရက်နေ့က ကွမ်ရှီးမှာ ကျင်းပပြီးစီးခဲ့ပါတယ်။ လေးရက်ကြာ အချိန်အတွင်း နိုင်ငံ ၄၀ မှ ကုမ္ပဏီ ၁၆၅၃ ခုတို့က အော့ဖ်လိုင်းနဲ့ပါဝင်ခဲ့သလို ကုမ္ပဏီ ၂၀၀၀ ကျော်က အွန်လိုင်းနဲ့ ကုန်စည်ပြပွဲမှာ ခင်းကျင်းပြသခဲ့ပါတယ်။ ကုန်စည် ပြပွဲမှာ ပူးပေါင်းဆောင်ရွက်ရေး စာချုပ် ၂၆၇ ခုကို ချုပ်ဆိုပြီး ငွေရင်းမြှုပ်နှံမှု စုစုပေါင်း ယွမ် ၄၁၃ ဘီလီယံ ရှိကာ စံချိန်သစ်ကို တင်နိုင်ခဲ့ပါတယ်။

   ဒီအကြိမ် ကုန်စည်ပြပွဲမှာ တရုတ်ပြည်ထုတ် စမတ် စက်ကိရိယာများ၊ ပတ်ဝန်းကျင် ညစ်ညမ်းမှု ကင်းမဲ့တဲ့ အီလက်ထရွန်နစ်ကုန်ပစ္စည်းများ၊ မီးထွန်းလင်းရေးဆိုင်ရာ သိပံ္ပ နည်းပညာ ထုတ်ကုန်ပစ္စည်းများဟာ အာဆီယံကုန်သည်များရဲ့ ကြိုဆိုမှု ရရှိခဲ့ပြီး အာဆီယံနိုင်ငံများရဲ့ စားသောက်ကုန်၊ အပူပိုင်းဒေသ သစ်သီးများ၊ အိမ်သုံးပစ္စည်းများဟာ တရုတ်ကုန်သည်များရဲ့ ကြိုဆိုမှု ရရှိခဲ့ပါတယ်။ ကုန်စည်ပြပွဲဟာ ကူးစက်ရောဂါလွန်ချိန်မှာ စီးပွားကုန်သွယ်မှု နာလန်ပြန်ထူရေးနဲ့ တံခါးဖွင့် စီးပွားရေးအတွက် အခွင့်အလမ်းသစ် များကို ဆောင်ကြဉ်းလာပါတယ်။

   ဒီနှစ်ဟာ တရုတ်နဲ့ အာဆီယံ ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံမှု စတင်တဲ့နှစ် ဖြစ်သလို RCEP သဘောတူစာချုပ် အာဏာသက်ရောက်တဲ့ ပထမနှစ်လည်း ဖြစ်ကာ တရုတ်-အာဆီယံ လွတ်လပ်သောကုန်သွယ်ရေးဇုန် ဗားရှင်း 3.0 တည်ဆောက် ရေးလည်း စတင်တော့မှာ ဖြစ်ပါတယ်။ တရုတ်-အာဆီယံ ပူးပေါင်း ဆောင်ရွက်မှုဟာ အခန်းကဏ္ဍသစ်သို့ တက်လှမ်းသွားမှာ ဖြစ်ပါတယ်။

   တရုတ်-အာဆီယံ စီးပွားကုန်သွယ်ရေးကောင်စီ အမှုဆောင် ဥက္ကဋ္ဌ ရွှီနင်နင်က တရုတ်-အာဆီယံ လွတ်လပ်သောကုန်သွယ်ရေးဇုန် ဗားရှင်း 3.0 နဲ့ RCEP တို့ အကောင် အထည်ဖေါ်ဆောင်ပြီးနောက် အခွန်လျှော့ချကင်းမဲ့ရေးနဲ့ ကုန်သွယ်မှု အဆင်ပြေစေရေး တို့ဟာ အဆင့်သစ်သို့ တက်လှမ်းသွားမယ်လို့ ပြောပါတယ်။ အဲဒါဟာ တရုတ်-အာဆီယံ ကုန်စည်ပြပွဲမှာ ကုန်သည်များက “လာမယ့်နှစ်မှာ လာဦးမယ်”လို့ ပြောဆိုကြတဲ့ အကြောင်းရင်းပါပဲလို့ China Media Group မှ သတင်း ဆောင်းပါးတစ်ပုဒ်မှာ ရေးသား ဖေါ်ပြထားပါတယ်။