အလေးချိန် ၂.၅ တန်ရှိသည့် အာရှဆင် ရေလှောင်ကန်ထဲ ပြုတ်ကျ

(GMT+08:00)2022-09-21 19:23:43  

စက်တင်ဘာလ ၁၈ ရက်နေ့တွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ဖူလ်မြို့တွင် အာရှ ဆင်တစ်ကောင်သည် ရေလှောင်ကန်ထဲသို့ ပြုတ်ကျခဲ့ပါသည်။ ကန်ရေ နက်သောကြောင့် အာရှဆင်သည် သူ့ဘာသာ မလွတ်မြောက်နိုင်ပေ။ အဆိုပါ ဆင်ကို တတ်နိုင်သမျှ အမြန်ဆုံးကယ်ဆယ်နိုင်ရန် ကယ်ဆယ်ရေး သမားများသည် ဆင်ကိုရေကန်၏တစ်ဖက်သို့ ရောက်အောင် ကြိုးပမ်းပြီး ရေကန်၏ အခြားတစ်ဖက်ကို ထွက်ပေါက်ဖြစ်ရန် ရိုက်ခွဲကာ ဆင်ကိုအောင်မြင်စွာ ကယ်ဆယ်နိုင်ခဲ့ပါသည်။ ရေနစ်မြုပ်သော အာရှဆင်သည် အလေးချိန် ၂.၅ တန်ခန့်ရှိပြီး ရေလှောင်ကန်သည် ၂.၆ မီတာခန့် နက်သည်ဟု သိရပါသည်။