တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်၏ အထူးကိုယ်စားလှယ် ဝမ်ချီစန်းသည် ဗြိတိန် ဘုရင်မကြီး Elizabeth II ၏ ဈာပနအခမ်းအနားသို့ တက်ရောက်

(GMT+08:00)2022-09-21 17:54:27  

ဗြိတိန်အစိုးရ၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်၏ အထူး ကိုယ်စားလှယ်၊ နိုင်ငံဒုသမ္မတဝမ်ချီစန်းသည် ဘုရင်မကြီး Elizabeth II ၏ ဈာပနအခမ်းအနားသို့ တက်ရောက်ခဲ့သည်။

ဒေသစံတော်ချိန် ၁၈ ရက်နေ့ မွန်းလွဲပိုင်းတွင် ဝမ်ချီစန်းသည် ဈာပနအခမ်းနားသို့ ဂါရ၀ပြုတက်ရောက်ရန် ဗြိတိန်လွှတ်တော်သို့ သွားရောက်ခဲ့သည်။ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် ဝမ်ချီစန်းသည် နိုင်ငံတော်အကြီးအကဲများ၊ တော်ဝင်မိသားစုများ၊ အစိုးရကိုယ်စားလှယ်များနှင့်အတူ Westminster Abbey တွင် ကျင်းပသည့် ဘုရင်မကြီး၏ နိုင်ငံတော်ဈာပနအခမ်းအနားသို့ တက်ရောက်ခဲ့သည်။