တရုတ်ကိုယ်တိုင်ဖွံ့ဖြိုးတိုးတက်ရေးနှင့် တရုတ်၏ အမေရိကန်မူဝါဒဆိုင်ရာ ရေရာမှုများကို ဝမ်ယိ ရှင်းလင်းဖော်ပြ

(GMT+08:00)2022-09-21 17:39:49  

ဒေသစံတော်ချိန် စက်တင်ဘာလ ၁၉ ရက်နေ့က တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီးဝမ်ယိသည် အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် အမေရိကန်- တရုတ် ဆက်ဆံရေး ပြည်လုံးဆိုင်ရာကော်မတီ၊ အမေရိကန်-တရုတ် ကုန်သွယ်ရေး ပြည်လုံးဆိုင်ရာကော်မတီ၊ အမေရိကန်ကုန်သည်များအသင်းတို့မှ ကိုယ်စားလှယ်များနှင့် ဆွေးနွေးခဲ့ပါသည်။

လက်ရှိ တရုတ်-အမေရိကန်ဆက်ဆံရေး ရှေ့အလားအလာတွင် ရေရာမှု နည်းသထက်နည်းလာပြီး မရေရာမှု များသထက်များလာခြင်းနှင့်ပတ်သက်၍ ဝမ်ယိက တရုတ်နိုင်ငံ၏ တိကျသေချာသည့် ရေရာမှု ၅ ခုကို ရှင်းလင်းဖော်ပြခဲ့ပါသည်။ ဝမ်ယိက တရုတ်နိုင်ငံ၏ ကိုယ်တိုင်ဖွံ့ဖြိုးတိုးတက်ရေး ရှေ့အလားအလာမှာ ရေရာမှု ရှိကြောင်း၊ တရုတ်နိုင်ငံမှ ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်ရေး သန္နိဋ္ဌာန်မှာ ရေရာမှု ရှိကြောင်း၊ တရုတ်နိုင်ငံ၏ အမေရိကန်မူဝါဒမှာ ရေရာမှုရှိကြောင်း၊ တရုတ်နိုင်ငံမှ တရုတ်-အမေရိကန် နှစ်နိုင်ငံအကြား စီးပွားကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှု ဆက်လက် အားသစ်လောင်းပေးရန် သဘောထားမှာ ရေရာမှုရှိကြောင်း၊ တရုတ်နိုင်ငံမှ အမေရိကန် နိုင်ငံနှင့် ဘက်ပေါင်းစုံ ညှိနှိုင်းဆောင်ရွက်ရေး ပြုလုပ်ရန်ဆန္ဒမှာ ရေရာမှု ရှိကြောင်း ပြောကြားခဲ့ပါသည်။