RCEP အာဏာတည်လာခဲ့သည့်နောက်ပိုင်းတွင် အာဆီယံမှ သစ်သီးများ ကွမ်ရှီးသို့ ပထမဆုံး ဝင်ရောက်လာခဲ့ပြီ

(GMT+08:00)2022-09-21 18:02:03  

RCEP အာဏာတည်လာခဲ့သည့်နောက်ပိုင်းတွင် အဖွဲ့ဝင်နိုင်ငံများအကြား လယ်ယာ ထွက်ကုန်ပစ္စည်းများဆိုင်ရာ ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုသည် များသည်ထက် များလာခဲ့ပြီး၊ မြန်မာငှက်ပျောသီး၊ ကမ္ဘောဒီးယားမှ တရုတ်နှင်းသီးနှင့် ဗီယက်နမ် ဒူးရင်းသီးတို့သည် တရုတ်ပြည် ရောဂါထိန်းချုပ်ချက်မှ ခွင့်ပြုချက်ကို ရှေ့ဆင့်နောက်ဆက် ရရှိခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရသည်။

ယခုလ ၁၉ ရက်နေ့က ဗီယက်နမ်နိုင်ငံမှ ပထမဆုံးအကြိမ် တင်သွင်းလာသည့် ဒူးရင်းသီးများသည် ကွမ်ရှီး ယူယိကွမ်း-ဂိတ်သို့ ဖြတ်သန်းပို့ဆောင်ခဲ့သည်။ ယင်းသည် RCEP အာဏာတည်လာခဲ့သည့်နောက်ပိုင်းတွင် အာဆီယံမှ ပထမဆုံးသော သစ်သီးမျိုး တရုတ်သို့ဝင်ရောက်ရန် အကောင်အထည်ဖော်ဆောင် ခြင်းပင်ဖြစ်သည်ဟု သတင်းအရ သိရသည်။