အမေရိကန်နိုင်ငံတွင် ကာလရှည်ကြာစွာရှိနေသော ထင်ရာစိုင်း ဖမ်းဆီးချုပ်နှောင်မှု ပြဿနာများ ကို တရုတ် ကိုယ်စားလှယ်က ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချ

(GMT+08:00)2022-09-21 17:38:05  

၁၉ ရက်နေ့က ကျင်းပခဲ့သော ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ ၅၁ ကြိမ်မြောက် အစည်းအဝေးတွင် တရုတ်ကိုယ်စားလှယ်က အမေရိကန်နိုင်ငံတွင် ကာလရှည်ကြာစွာရှိနေသော ထင်ရာစိုင်း ဖမ်းဆီးချုပ်နှောင်မှု ပြဿနာများ ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချခဲ့ပါသည်။

၂၀၂၁ ခုနှစ်တွင် အမေရိကန်နိုင်ငံသည် ရွှေ့ပြောင်းနေထိုင်သူ ၁၇ သိန်းကျော်ကို ဖမ်းဆီးချုပ်နှောင်ခဲ့ပြီး ၎င်းတို့ထဲမှ ၈၀ ရာခိုင်နှုန်း ပုဂ္ဂလိကခြေချုပ်ထိန်းသိမ်းရေးစခန်းများတွင် ထိန်းသိမ်းခံခဲ့ရကြောင်း၊ လူ့အခွင့်အရေးကျူးလွန်မှု ဖြစ်ရပ်များ အကြိမ်ကြိမ် ဖြစ်ပွားကြောင်း၊ အမေရိကန်က ၄င်းတို့၏ လူ့အခွင့်အရေးပြဿနာကို မှန်ကန်စွာ ရှုမြင်သဘောထားပြီး ဒုက္ခသည်နှင့် ရွှေ့ပြောင်းနေထိုင်သူများအား ထင်ရာစိုင်း ဖမ်းဆီးချုပ်နှောင်မှု စသည့် လူ့အခွင့်အရေး ကျူးလွန်မှု လုပ်ရပ် များကို အဆုံးသတ်ကာ ထိခိုက်ခံရသူများအား ကယ်ဆယ်ရေးနှင့် လျော်ကြေးများ ပေးပါရန် တရုတ်ပြည်က လှုံ့ဆော် တိုက်တွန်းကြောင်း တရုတ်ကိုယ်စားလှယ်က ဖော်ပြခဲ့ပါသည်။