မြန်မာနိုင်ငံ စစ်ကိုင်းတိုင်းဒေသကြီး၌ ဖြစ်ပွားခဲ့သောတိုက်ပွဲတွင် ကလေး ၆ ဦးထက်မနည်း သေဆုံးပြီး ဒဏ်ရာရရှိသူ ၁၇ ဦးရှိ

(GMT+08:00)2022-09-20 14:20:06  

စက်တင်ဘာလ ၁၆ ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး ဒေသခံလက်နက်ကိုင်အဖွဲ့နှင့် မြန်မာအစိုးရတပ်သည် တိုက်ပွဲဖြစ်ပွားခဲ့ရာ လက်နက်ကိုင်များ ပုန်းရှောင်နေသော စာသင်ကျောင်းအား ရဟတ်ယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ယခုအထိ ကလေး ၆ဦးသေဆုံးပြီး ဒဏ်ရာရရှိသူ ၁၇ ဦး ရှိကြောင်း စက်တင်ဘာလ ၁၉ရက်နေ့က မြန်မာနိုင်ငံ မီဒီယာများ၏ သတင်းထုတ်ပြန်ချက်ကို ကိုးကား၍ China Media Group မှ သတင်းအရ သိရပါသည်။

မြန်မာအစိုးရတပ်သည် ရဟတ်ယာဉ် ၃စင်းဖြင့် စစ်ကိုင်းတိုင်းဒေသကြီး ဒီပဲယင်း စာသင်ကျောင်းတစ်ကျောင်း၌ ပုန်းရှောင်နေသော တပ်မတော်ဆန့်ကျင်ရေး လက်နက်ကိုင်များအား ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် လူ ၂၀ကျော်ကို ဖမ်းဆီးခဲ့သည်ဟု သိရသည်။ လက်ရှိ အချိန်အထိ မြန်မာအစိုးရတပ်သည် အဆိုပါသတင်းကို အတည်မပြုသေးကြောင်း သတင်း ရရှိပါသည်။