ရှီကျင့်ဖိန်၏ အလယ်အာရှခရီးသည် သမိုင်း၏ အရေးကြီး အချိန်အခါတွင် ပြုလုပ်သော မှတ်တိုင်လို အရေးကြီးအဓိပ္ပါယ်ပါရှိသော ခရီးဖြစ်သည်

(GMT+08:00)2022-09-20 14:20:54  

စက်တင်ဘာလ ၁၉ ရက်နေ့က တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မော်နင်သည် သတင်းစာရှင်းလင်းပွဲကို ကြီးမှူးကျင်းပခဲ့ပါသည်။ သမ္မတ ရှီကျင့်ဖိန်၏ အလယ်အာရှ ခရီးနှင့် ပတ်သက်ပြီး သတင်းထောက်၏ မေးမြန်းချက်ကို ဖြေကြားရာတွင် မော်နင်က သမ္မတ ရှီကျင့်ဖိန်၏ အလယ်အာရှခရီးသည် သမိုင်း၏ အရေးကြီး အချိန်အခါတွင် ပြုလုပ်သော မှတ်တိုင်လို အရေးကြီးအဓိပ္ပါယ်ပါရှိသော ခရီးဖြစ်ကြောင်း၊ရှီကျင့်ဖိန်သည် အလယ်အာရှ နှစ်နိုင်ငံ၌ ၄၈ နာရီကြာ ခရီးလှည့်လည်ပြီး နှစ်ဖက်ဆိုင်ရာလှုပ်ရှားမှု ၃၀ နီးပါးသို့ တက်ရောက်ခဲ့ကာ အောင်မြင်မှုများစွာ ရရှိခဲ့ကြောင်း၊ ယခုအကြိမ်ခရီးသည် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ကို ဖွံ့ဖြိုးရေးအဆင့်ကာလသစ်သို့ တွန်းအားပေးပြီး တရုတ်နိုင်ငံနှင့် သက်ဆိုင်ရာနိုင်ငံများ၏ ဆက်ဆံရေးကို အဆင့်သစ်သို့ တက်လှမ်းရန် ဦးဆောင်ပေးကြောင်း ပြောကြားပါသည်။

သမ္မတ ရှီကျင့်ဖိန်၏ ဦးဆောင်မှုဖြင့် တရုတ်နိုင်ငံသည် နိုင်ငံတကာဆက်ဆံရေးတွင် အပြုသဘောဆောင်သောအင်အား တစ်လျှောက်လုံးဖြစ်၍ ဆွေးနွေးရေးနှင့်ပူးပေါင်း ဆောင်ရွက်ရေးကို ဆက်လက်တွန်းအားပေးပြီး စည်းလုံးညီညွတ်ရေးနှင့်တံခါးဖွင့်ရေးကို ဆက်လက်တိုးမြှင့်ကာ ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးရေးကို ဆက်လက်ထိန်းသိမ်းမည်ဖြစ်ကြောင်း၊ အာရှ-ဥရောပ အပါအဝင် ကမ္ဘာ့ ရေရှည်ငြိမ်းချမ်းရေးနှင့် ဆက်တိုက်ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပိုမိုကြီးမားစွာ အကျိုးပြုစွမ်းဆောင်မည်ဖြစ်ကြောင်း မော်နင်က ပြောကြားပါသည်။