ရှီကျင့်ဖိန်သည် စက်မှုကွင်းဆက်နှင့် ထောက်ပံ့ရေးကွင်းဆက် ခံနိုင်ရည်နှင့် တည်ငြိမ်ရေး နိုင်ငံတကာဖိုရမ်သို့ ဂုဏ်ပြုသဝဏ်လွှာပေးပို့

(GMT+08:00)2022-09-20 11:16:01  

စက်တင်ဘာလ ၁၉ ရက်နေ့တွင် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်က စက်မှု ကွင်းဆက်နှင့် ထောက်ပံ့ရေးကွင်းဆက် ခံနိုင်ရည်နှင့် တည်ငြိမ်ရေး နိုင်ငံတကာ ဖိုရမ်သို့ ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့သည်။

ရှီကျင့်ဖိန်က ကမ္ဘာ့စက်မှုကွင်းဆက်နှင့် ထောက်ပံ့ရေးကွင်းဆက်၏ ခံနိုင်ရည်နှင့် တည်ငြိမ်မှုကို ထိန်းသိမ်းခြင်းသည် ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်သော အရေးကြီး အာမခံဖြစ်ပြီး ကမ္ဘာ့နိုင်ငံအသီးသီးရှိ ပြည်သူများ၏ ဘုံအကျိုးစီးပွားနှင့် ကိုက်ညီကြောင်း၊ တရုတ်နိုင်ငံသည် စက်မှုကွင်းဆက်နှင့် ထောက်ပံ့ရေးကွင်းဆက်၏ အများပြည်သူ ကုန်ပစ္စည်းဖြစ်ခြင်းကို ဦးလည်မသုန်ထိန်းသိမ်းထားပြီး ကိုယ့်နိုင်ငံ၏ စက်မှုကွင်းဆက်နှင့် ထောက်ပံ့ရေးကွင်းဆက်၏ လုံခြုံရေးနှင့် တည်ငြိမ်မှုကို အာမခံကာ စက်မှုနှင့် ထောက်ပံ့ရေးကွင်းဆက်များတွင် နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်မှုကို နက်ရှိုင်းစွာလက်တွေ့ကျကျ လုပ်ဆောင်၍ ဖွံ့ဖြိုးတိုးတက်မှု ရလဒ်များကို နိုင်ငံအသီးသီးက ပြည်သူများအား ပိုမိုကောင်းမွန်စွာ အကျိုးပြုနိုင်ရန် ဆောင်ရွက်မည် ဖြစ်ကြောင်း ဖေါ်ပြ ပါသည်။