တရုတ်-အာဆီယံကုန်စည်ပြပွဲသည် ကိုဗစ်-၁၉ရောဂါအပြီးကာလ စီးပွားရေးနာလန်ထူရန် စွမ်းအားသစ်၊ အခွင့်အလမ်းသစ်ကို ဖန်တီးပေးမည်ဟု တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဌာနဆို

(GMT+08:00)2022-09-20 12:41:14  

စက်တင်ဘာလ ၁၉ ရက်နေ့က ကျင်းပသော တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မော်နင် က သတင်းထောက်၏ မေးမြန်းချက်ကိုဖြေကြားရာတွင် ယခုနှစ်သည် တရုတ်- အာဆီယံ ဘက်စုံမဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေး စတင်သည့်နှစ်ဖြစ်သကဲ့သို့ RCEP စတင်အကောင်အထည်ဖော်သည့်ပထမနှစ်လည်းဖြစ်ကြောင်း၊ ယခုအကြိမ် တရုတ်- အာဆီယံကုန်စည်ပြပွဲတွင် “RCEP အခွင့်အလမ်းသစ်ကို မျှဝေခံစားပြီး တရုတ်-အာဆီယံ လွတ်လပ်သောကုန်သွယ်ရေးဇုန် ဗားရှင်း ၃.၀ တွန်းအားပေးခြင်း”ကို အဓိက ဆောင်ပုဒ် အဖြစ်ထားပြီး ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးလှုပ်ရှားမှုအကြိမ် ၄၀ကို ကျင်းပခဲ့ကြောင်း၊ ပြပွဲတွင် လုပ်ငန်း ၁၆၅၃ ခု ပါဝင်ခင်းကျင်းပြသပြီး လုပ်ငန်း ၂၀၀၀ ကျော် အွန်လိုင်းပုံစံဖြင့် ပြပွဲတွင် ပါဝင်ခဲ့ကြောင်း၊ ဘက်အသီးသီးတို့သည် ပူးပေါင်းဆောင်ရွက်ရေးစီမံကိန်း ၂၆၇ ခုကို လက်မှတ်ရေးထိုးချုပ်ဆိုပြီး စုစုပေါင်းရင်းနှီးမြှုပ်နှံရေးပမာဏမှာ တရုတ်ယွမ်ငွေ ၄၁၃ ဘီလီယံရှိသဖြင့် လွန်ခဲ့သည့်အကြိမ်ပြပွဲထက် ၃၇ ရာခိုင်နှုန်းတိုးများလာကာ ချုပ်ဆိုခဲ့သည့် စီမံကိန်း စုစုပေါင်း ရင်းနှီးမြှုပ်နှံရေး ပမာဏမှာ သမိုင်းစံချိန်သစ်တင်ခဲ့ကြောင်း ပြောကြားခဲ့ပါသည်။

ပြောရေးဆိုခွင့်ရှိသူမော်နင်က တရုတ်-အာဆီယံ ပူးပေါင်းဆောင်ရွက်ရေး ပိုမို နက်ရှိုင်းစေရန်၊ ဒေသတွင်းစီးပွားရေးတစ်ပြေးညီဖြစ်ရေး တွန်းအားပေးရန် အရေးကြီး သော ပလက်ဖောင်းအဖြစ် တရုတ်-အာဆီယံကုန်စည်ပြပွဲသည် ကိုဗစ်-၁၉ရောဂါ အပြီး ကာလ စီးပွားရေးနာလန်ထူရန်၊ တံခါးဖွင့်သောဒေသတွင်းစီးပွားရေးတည်ဆောက်ရန် စွမ်းအားသစ်၊ အခွင့်အလမ်းသစ်ကို ဖန်တီးပေးမည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့ ပါသည်။