ဘက်အသီးသီးတို့အား တစ်ကမ္ဘာလုံးလုံခြုံရေးအဆိုပြုချက်ကို အကောင်အထည်ဖော်ရန် တရုတ်ကိုယ်စားလှယ် ပန်ကြား

(GMT+08:00)2022-09-20 12:46:53  

စက်တင်ဘာလ ၁၉ ရက်နေ့က ကျင်းပသော ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ ၅၁ ကြိမ်မြောက်အစည်းအဝေးနှင့် ဒီမိုကရေစီ၊ တရားမျှတသော နိုင်ငံတကာစည်းစနစ် ရေးရာ သီးခြားပညာရှင်များဆွေးနွေးပွဲသို့ တက်ရောက်သည့် တရုတ် ကိုယ်စားလှယ်က ဘက်အသီးသီးတို့အား တစ်ကမ္ဘာလုံး လုံခြုံရေးအဆိုပြုချက်ကို အကောင်အထည်ဖော်ပြီး စစ်မှန်သောဘက်ပေါင်းစုံဝါဒကို ကျင့်သုံးရန် ပန်ကြားခဲ့ပါသည်။

တရုတ်ကိုယ်စားလှယ်က ဘက်ပေါင်းစုံဝါဒမှာ လက်ရှိနိုင်ငံတကာစည်းစနစ်နှင့် နိုင်ငံတကာအစီအစဉ်၏ အမြုတေသဘောတရားဖြစ်ပြီး ငြိမ်းချမ်းရေးကို ကာကွယ် ထိန်းသိမ်းရန်၊ ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေးရန် ထိရောက်သည့် လမ်းကြောင်းဖြစ် ကြောင်း၊ နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် စစ်မှန်သောဘက်ပေါင်းစုံဝါဒကို ကာကွယ် ထိန်းသိမ်း ဖေါ်ဆောင်ပြီး ဗိုလ်ကျစိုးမိုးရေးဝါဒနှင့် ဂိုဏ်းဂဏဖွဲ့နိုင်ငံရေးကို အတူတကွ ဆန့်ကျင်ကာ တစ်ဖက်သတ်အရေးယူမှုနှင့် လက်တံရှည်စီမံအုပ်ချုပ်မှုကို အတူတကွ ဆန့်ကျင်ရမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

တရုတ်ကိုယ်စားလှယ်က နိုင်ငံအသီးသီးတို့သည် ဆွေးနွေးပွဲဖြင့် ထိပ်တိုက် ရင်ဆိုင်မှုကို အစားထိုးရန်၊ ညှိနှိုင်းဆောင်ရွက်မှုဖြင့် ခြိမ်းခြောက်မှုကို အစားထိုးရန်၊ အပြန်အလှန်အကျိုးရရှိစေခြင်းဖြင့် zero sum ကို အစားထိုးရန် ဆောင်ရွက်သင့်ကြောင်း၊ လုံခြုံရေးခွဲ၍မရသော မူကို လက်တွေ့ကျ အကောင်အထည်ဖော်ပြီး တစ်ဦး၏ တရားမျှတသော လုံခြုံရေးဆိုင်ရာ အာရုံစိုက်မှုကို တစ်ဦးက အလေးထားသင့်ကြောင်း၊ မျှတမှုရှိသော၊ ထိရောက်သော ဆက်တိုက်ဖွံ့ဖြိုး တိုးတက်နိုင်သော လုံခြုံရေးဖွဲ့စည်းပုံကို တည်ဆောက်ရန် တွန်းအားပေးသင့်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ကမ္ဘာ့နိုင်ငံအသီးသီးတို့နှင့်အတူ လူသားတစ်ရပ်လုံး၏ ဘုံတန်ဖိုးအကဲဖြတ်အမြင်ကိုစွဲကိုင်ထားပြီး စစ်မှန်သောဘက်ပေါင်းစုံဝါဒကို ကျင့်သုံးကာ တစ်ကမ္ဘာလုံး လုံခြုံရေးအဆိုပြုချက်ကို ကောင်းမွန်စွာအကောင်အထည်ဖော်၍ လူသားကံကြမ္မာတူ အသိုက်အဝန်းတည်ဆောက်ရန် တွန်းအားပေးလိုပါကြောင်း ပြောကြားခဲ့ပါသည်။