သတ္တမအကြိမ်မြောက် တရုတ်-အာရှ၊ ဥရောပကုန်စည်ပြပွဲထံ ရှီကျင့်ဖိန်က ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့

(GMT+08:00)2022-09-20 12:55:42  

စက်တင်ဘာလ ၁၉ ရက်နေ့က တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် သတ္တမအကြိမ်မြောက် တရုတ်-အာရှ၊ ဥရောပကုန်စည်ပြပွဲထံသို့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့ခဲ့ပါသည်။

ရှီကျင့်ဖိန်က အာရှ၊ ဥရောပတိုက်တွင် ဖွံ့ဖြိုးရေး ရှင်သန်မှုရှိပြီး ရှေ့အလားအလာ ကောင်းမွန်၍ “Belt & Road” တည်ဆောက်ရာတွင် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး၏ အရေးကြီးဇုန် ဖြစ်ကြောင်း၊ တရုတ်ပြည်အနေနှင့် တရုတ်-အာရှ၊ ဥရောပ ကုန်စည်ပြပွဲကို ပဖက်ဖောင်း အဖြစ် ထားပြီး အာရှ၊ ဥရောပ ပူးပေါင်းဆောင်ရွက်ရေး အရည်အချင်းကို မြှင့်တင်ကာ အတူ ဖွံ့ဖြိုးရေးနှင့် စည်ပင်သာယာရေး ကို တွန်းအားပေးလိုပါကြောင်း ဖော်ပြပါသည်။

သတ္တမအကြိမ်မြောက် တရုတ်-အာရှ၊ ဥရောပကုန်စည်ပြပွဲကို ၁၉ ရက်နေ့တွင် ရှင်းကျန်း ဝူလူမုချီမြို့တွင် ဖွင့်လှစ်ခဲ့ပါသည်။ ယခုအကြိမ်ကုန်စည်ပြပွဲ၏ ဆောင်ပုဒ်မှာ “အတူ ညှိနှိုင်း ဆွေးနွေးခြင်း၊ အတူ တည်ဆောက်ခြင်း၊ အတူ မျှဝေခံစားခြင်းဖြင့် ပူးပေါင်း ဆောင်ရွက်ပြီး အနာဂတ်သို့ ချီတက်ခြင်း” ဖြစ်ပါသည်။