အမေရိကန် New Orleans တွင် လူသတ်မှုနှုန်း မြင့်တက်လာပြီး ဒေသခံပြည်သူများ ထိတ်လန့်စွာ နေထိုင်နေကြရ

(GMT+08:00)2022-09-20 14:11:10  

New Orleans သည် အရင်တုန်းက အမေရိကန်နိုင်ငံ၏ လူကြိုက်အများဆုံး ခရီးသွားမြို့ထဲမှ တစ်ခုဖြစ်သော်လည်း ယခုတွင် အမေရိကန်နိုင်ငံတစ်ပြည်လုံးတွင် အန္တရာယ်အရှိဆုံး မြို့များထဲမှတစ်ခု ဖြစ်လာပါသည်။ New Orleans Metropolitan Crime Commission မှ ထုတ်ပြန်သည့် စာရင်းအရ ယင်းမြို့သည် ယခုနှစ်တွင် လူသတ်မှုအနည်းဆုံး ၂၀၅ မှု ဖြစ်ပွားခဲ့ပြီး ယခင်နှစ် အလားတူအချိန်ပိုင်းကထက် ၄၆ ရာခိုင်နှုန်းတိုးလာ၍ New Orleans လူ ၁ သိန်းတွင် အနည်းဆုံး ၅၂ ဦး အသတ်ခံခဲ့ရကြောင်း၊ New Orleans တွင် လူသတ်မှုများ တိုးမြင့်လာသည်သာမက ပစ်ခတ်မှုများနှင့် ကားလုယက်မှုများလည်း လျင်မြန်စွာ တိုးများလာကြောင်း သိရပါသည်။