လယ်သမားများကို ချမ်းသာစေနိုင်သော စွန့်ပစ်ငါးဖမ်းပိုက်ဟောင်းများ

(GMT+08:00)2022-09-20 21:54:26  

စက်တင်ဘာလ ၂၀ ရက်နေ့တွင် တရုတ်နိုင်ငံ လျန်ယွမ်ကန်မြို့ ရှီးကျိတန့် ကျေးရွာရှိ လယ်သမားများသည် စွန့်ပစ် ငါးဖမ်းပိုက်ဟောင်းများဖြင့် နိုင်လွန်အလုံးများကိုထုတ်လုပ်ကြပါသည်။ ယခုနှစ်များတွင် ရှီးကျိတန့်ကျေးရွာသည် ပြန်လည်အသုံးပြုရေးကို အားဖြည့်ဆောင်ရွက်ပြီး စွန့်ပစ်ငါးဖမ်းပိုက်ဟောင်းများဖြင့် ထူးခြားချက်ပါရှိသော အချောကိုင်လုပ်ငန်းကို ပြုလုပ်ခြင်းကြောင့် နှစ်စဉ်နှစ်တိုင်း တရုတ်တစ်ပြည်လုံးရှိ စွန့်ပစ်ငါးဖမ်းပိုက်ဟောင်းများ၏ ၈၀ ရာခိုင်နှုန်းကျော်ကို ပြန်လည်အသုံးပြုနိုင်ပါသည်။ ၎င်းသည် ယင်းဒေသအနီးရှိ လူပေါင်း ၁၆၀၀ ကျော်အတွက် အလုပ်အကိုင်နေရာဖန်တီး ပေးနိုင်သည့်အပြင် အစိမ်းရောင် လုပ်ငန်းတိုးတက်ရေးနှင့် လယ်သမားများ ဝင်ငွေတိုးမြင့်ရေးကိုလည်းအကောင်အထည်ဖော်ဆောင်စေပါသည်။