တရုတ်စီးပွားရေးသည် ဆက်တိုက်နာလန်ပြန်ထူလာနေဟု နိုင်ငံတော် ဖွံ့ဖြိုးရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင်ဖော်ပြ

(GMT+08:00)2022-09-20 14:09:18  

ယခုလ ၁၉ ရက်နေ့ကကျင်းပသည့် တရုတ် နိုင်ငံတော် ဖွံ့ဖြိုးရေးနှင့် ပြုပြင် ပြောင်းလဲရေးကော်မရှင်မှ သတင်းစာရှင်းလင်းပွဲတွင် သက်ဆိုင်ရာတာဝန်ခံက တရုတ် စီးပွားရေးသည် ဆက်တိုက်နာလန်ပြန်ထူနေသည်ဟု အဓိက အညွှန်းကိန်းများမှ ပြသထားကြောင်း၊ ပထမက ထိရောက်သောရင်းနှီးမြှုပ်နှံမှု ဆက်တိုက် တိုးချဲ့လာခြင်း၊ ဒုတိယက ဈေးကွက်အလားအလာ တဖြည်းဖြည်းပေါ်လာခြင်းတို့ ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်ဟု China Media Group မှ သတင်းအရ သိရသည်။

နိုင်ငံတော်ဖွံ့ဖြိုးရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင်မှ ပြောရေးဆိုခွင့်ရှိသူ မွန့်ဝေက စက်မှု ကုန်ထုတ်လုပ်မှုလုပ်ငန်းများသည် ဆက်တိုက်နာလန်ပြန်ထူလာလျက်ရှိကြောင်း ပြောကြားပါသည်။