ရှီကျင့်ဖိန်နှင့် တိုဂိုသမ္မတ ဖိုရယ်တို့ တရုတ်-တိုဂို သံတမန်ဆက်ဆံမှု ထားရှိခဲ့သည့် နှစ် ၅၀ ပြည့်မြောက်ခြင်း ဝမ်းမြောက်ကြောင်း သဝဏ်လွှာ အပြန်အလှန်ပေးပို့

(GMT+08:00)2022-09-20 12:55:05  

 စက်တင်ဘာလ ၁၉ ရက်နေ့က တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်နှင့် တိုဂိုသမ္မတ ဖိုရယ်တို့သည် တရုတ်-တိုဂို သံတမန်ဆက်ဆံမှု ထားရှိခဲ့သည့် နှစ် ၅၀ ပြည့်မြောက်ခြင်း ဝမ်းမြောက်ကြောင်း သဝဏ်လွှာ အပြန်အလှန်ပေးပို့ခဲ့ကြပါသည်။

    ရှီကျင့်ဖိန်က မိမိသည် တရုတ်-တိုဂို ဆက်ဆံမှုကို လွန်စွာ အလေးထားပြီး သမ္မတ ဖိုရယ်နှင့်အတူ နှစ်နိုင်ငံ သံတမန် ဆက်ဆံမှုထားရှိသည့် နှစ် ၅၀ ပြည့်မြောက်သည့် အခါသမယတွင် နှစ်ဖက်အကြား နိုင်ငံရေးယုံကြည်မှုကို ခိုင်မာစေပြီး “Belt & Road” အတူ တည်ဆောက်ရေး မူဘောင်နှင့် တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်ရေးဖိုရမ် မူဘောင်တွင် နယ်ပယ်အသီးသီးမှ ပူးပေါင်း ဆောင်ရွက်မှုများကို နက်ရှိုင်းစေကာ တရုတ်-တိုဂို ဆက်ဆံမှုကို အားသစ်လောင်းပေး၍ ပိုမို ခိုင်မာသည့် တရုတ်-အာဖရိက ကံကြမ္မာတူ အသိုက်အဝန်းကို တည်ဆောက်ရန် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်လိုကြောင်း ဖော်ပြပါသည်။

    ဖိုရယ်က တရုတ်ပြည် တစ်ပြည်တည်းသာရှိရေးမူကို တိုဂိုနိုင်ငံက ပြတ်ပြတ်သားသား စွဲကိုင် ထားပြီး သမ္မတရှီကျင့်ဖိန်နှင့်အတူ နှစ်နိုင်ငံချစ်ကြည်ရေး ပူးပေါင်းဆောင်ရွက်ရေး ဆက်ဆံမှုကို တွန်းအားပေးလိုကြောင်း ဖော်ပြပါသည်။