မက္ကဆီကိုအနောက်ပိုင်းဒေသတွင် ရစ်ခ်ျတာစကေး ၇.၇အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ရာ လူ ၁ ဦး သေဆုံး

(GMT+08:00)2022-09-20 14:10:37  

စက်တင်ဘာလ ၁၉ ရက်နေ့ ညနေပိုင်းက မက္ကဆီကိုနိုင်ငံ အနောက်ပိုင်းဒေသရှိ Michoacan ပြည်နယ်တွင် ရစ်ခ်ျတာစကေး ၇.၇ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ကြောင်း မက္ကဆီကိုနိုင်ငံ အမျိုးသား ငလျင်ရေးရာဌာနက ပြောကြားခဲ့ပါသည်။ မက္ကဆီကိုသမ္မတလိုပက်ဇ်က Michoacan ပြည်နယ် အနောက်ဘက်ရှိ Colima ပြည်နယ်မှ Manzanillo မြို့ရှိ ဈေးဝယ်စင်တာတစ်ခုတွင် နံရံတစ်ချပ် ငလျင်ကြောင့် ပြိုကျခဲ့ပြီး လူတစ်ဦးသေဆုံးခဲ့ကြောင်း ဆိုရှယ်မီဒီယာတွင် ဖော်ပြခဲ့ပါသည်။