ဘုရင်မကြီး Elizabeth II ၏ ဈာပနကို လန်ဒန်မြို့တွင် ကျင်းပ

(GMT+08:00)2022-09-20 11:14:16  

ယခုလ ၁၉ ရက်နေ့က ဗြိတိန်နိုင်ငံဘုရင်မကြီး Elizabeth II ၏ ဈာပနအခမ်းအနားကို လန်ဒန်မြို့တွင် ကျင်းပခဲ့ကြောင်း သိရပါသည်။

      ၎င်းဈာပနအခမ်းအနားသည် ၁၉၆၅ ခုနှစ်တွင် ၀န်ကြီးချုပ်ဟောင်း Churchill ကွယ်လွန်ပြီးနောက် နှစ်ပေါင်း ၆၀ နီးပါးအတွင်း ဗြိတိန်တွင် ပထမဆုံးအကြိမ် အဆင့်အတန်း မြင့်မားသော နိုင်ငံတော် ဈာပနဖြစ်ကြောင်း၊ ဈာပနနေ့တွင် စီးပွားရေးဆိုင်ရာ အဆောက်အအုံ များ၊ စာတိုက်များ၊ စူပါမားကတ်များ၊ ကျောင်းများလည်း ပိတ်ထားကြောင်း သိရပါသည်။

      ဘုရင်မကြီး Elizabeth II သည် ယခုလ ၈ ရက်နေ့တွင် စကော့တလန် ဘာလ်မိုရာ ရဲတိုက်မှာ နတ်ရွာစံခဲ့သည်။