ပါကစ္စတန်တွင် ရေကြီးမှုကြောင့် တစ်ရက်အတွင်း အနည်းဆုံး လူ ၁၅ ဦးသေဆုံး

(GMT+08:00)2022-09-20 11:16:44  

လွန်ခဲ့သည့် ၂၄ နာရီအတွင်း ပါကစ္စတန်နိုင်ငံ၌ မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံမှုများကြောင့် အနည်းဆုံး လူ ၁၅ ဦးသေဆုံးခဲ့ကြောင်း ပါကစ္စတန် နိုင်ငံတော် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးဌာနမှ စက်တင်ဘာလ ၂၀ ရက်နေ့တွင် ပြောကြား ခဲ့သည်။

      ဇွန်လလလယ်ပိုင်းမှစပြီး ပါကစ္စတန်နိုင်ငံအနှံ့အပြားတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ကြောင်း၊ ယခုအချိန်အထိ လူပေါင်း ၁၅၅၉ ဦး သေဆုံးပြီး လူ ၁၂၈၅၀ ဒဏ်ရာရရှိခဲ့ကြောင်း ပါကစ္စတန်နိုင်ငံတော် မိုးလေဝသဌာနမှ ပြောကြားခဲ့သည်။