ယူကရိန်းအား ဆက်လက်ထောက်ပံ့မည်ဟု နေတိုးဆို၊ ယင်းသည် ပဋိပက္ခကို ရှည်ကြာစေမည်ဟု ရုရှားမှ ဝေဖန်

(GMT+08:00)2022-09-19 14:33:58  

နေတိုးအဖွဲ့ဝင်နိုင်ငံ ကာကွယ်ရေးဝန်ကြီးများအစည်းအဝေးကို အက်စ်တိုးနီးယား နိုင်ငံတွင်ကျင်းပခဲ့ပြီး၊ယူကရိန်းအား ထောက်ပံ့မှုကို မည်ကဲ့သို့ ထိန်းသိမ်းလုပ်ဆောင်ရန်နှင့် ဆက်လက်ထောက်ပံ့မှုအား မည်ကဲ့သို့ တိုးမြှင့် လုပ်ဆောင်မည်နည်းဆိုင်ရာ အကြောင်းအရာများကို တိုင်ပင် ဆွေးနွေးခဲ့ကြောင်း နေတိုးအဖွဲ့ စစ်ရေးကော်မရှင် ဥက္ကဋ္ဌ ဘော်လ်က ယခုလ ၁၇ ရက်နေ့တွင် ထုတ်ဖော်ပြောကြားခဲ့သည်ဟု China Media Group မှ သတင်းအရ သိရသည်။

ရုရှား-ယူကရိန်း ပဋိပက္ခဖြစ်ပွားခဲ့သည့်နောက်ပိုင်းတွင် အမေရိကန် ဦးဆောင်သော  နေတိုးအဖွဲ့သည် ယူကရိန်းအား စစ်လက်နက်ပစ္စည်းအမြောက်အမြားကို ဆက်တိုက် ထောက်ပံ့ ပေးခဲ့ကြသည်။ ယင်းနှင့် ပတ်သက်၍ ရုရှားဘက်က အနောက်နိုင်ငံများမှ ယူကရိန်းသို့ လက်နက်များထောက်ပံ့ခြင်းသည် ရုရှား-ယူကရိန်းပဋိပက္ခကို ရှည်ကြာစေပြီး အရပ်သားများ သေဆုံးဒဏ်ရာရရှိမှု ပိုမိုများပြားစေရုံသာမက၊ ရုရှားနှင့်နေတိုးအကြား စစ်ရေးပဋိပက္ခကို တိုက်ရိုက်ဖြစ်ပွားရန် လွယ်ကူသွားစေမှာဖြစ်ကြောင်း ဝေဖန်ခဲ့သည်ဟု သတင်းအရ သိရသည်။