အမေရိကန်၊ ဗြိတိန်နဲ့ သြစတြေးလျတို့ နျူကလီးယား ပြန့်ပွားမှု ပြုလုပ်ခြင်းဟာ အန္တရာယ်ကြီးတဲ့ လုပ်ဆောင်ချက် ဖြစ်တယ်

(GMT+08:00)2022-09-19 12:07:14  

ဒေသစံတော်ချိန် စက်တင်ဘာလ ၁၅ ရက်နေ့မှာ ကမ္ဘာ့အနုမြူစွမ်းအင်အဖွဲ့ ကောင်စီက အမေရိကန်၊ ဗြိတိန်နဲ့ သြစတြေးလျတို့၏ နျူကလီးယား ရေငုပ်သင်္ဘော ပူးပေါင်း ဆောင်ရွက်မှုပြဿနာကို သီးသန့် ဆွေးနွေးခဲ့ပါတယ်။ အဲဒါဟာ အနုမြူစွမ်းအင် အဖွဲ့ဝင် နိုင်ငံများက စတုတ္တအကြိမ်အဖြစ် တိုင်ပင်ဆွေးနွေးပြီး၊ အကြောင်းအရာကို သီးသန့် တရားဝင် ဆွေးနွေးရန် တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကာ အမေရိကန်၊ ဗြိတိန်နဲ့ သြစတြေးလျတို့၏ အတွင်းကျိတ် ကြိုးကိုင်လုပ်ဆောင်ရန် ကြံဆမှုကို ရှုံးနိမ့်စေခဲ့ပါတယ်။ အစည်းအဝေးမှာ တရုတ်ပြည်ဘက်က အမေရိကန်၊ ဗြိတိန်နဲ့ သြစတြေးလျတို့၏ နျူကလီးယား ရေငုပ်သင်္ဘော ပူးပေါင်းဆောင်ရွက်မှုမှာ ပြဿနာကြီး ၇ ရပ်ကို ဖေါ်ပြပြီး အထောက်အထား အပြည့်အဝနဲ့ သူတို့ရဲ့ နျူကလီးယား ပြန့်ပွားမှုကို ပြုလုပ်တဲ့ အန္တရာယ်ကြီးတဲ့ လုပ်ဆောင်ချက်တွေနဲ့ ပြစ်မှု အထောက်အထားတွေကို ပြသခဲ့ပါတယ်။

အမေရိကန်၊ ဗြိတိန်နဲ့ သြစတြေးလျ သုံးနိုင်ငံစလုံးက နျူကလီးယား လက်နက် မပြန့်ပွားရေး စာချုပ်ကို ချုပ်ဆိုတဲ့ နိုင်ငံတွေဖြစ်ပြီး နျူကလီးယား လက်နက် မပြန့်ပွားရေးဆိုင်ရာ တာဝန်ဝတ္တရားကို လိုက်နာ ဆောင်ရွက်သင့်ပါတယ်၊ နျူကလီးယား ရေငုပ်သင်္ဘောဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုဟာ ကမ္ဘာ့အနုမြူစွမ်းအင်အဖွဲ့ဝင် နိုင်ငံများမှ အာဏာအပ်နှင်းမှု ရရှိရပါမယ်။ အဲဒီသုံးနိုင်ငံဟာ နိုင်ငံတကာ မိသားစုကြီး၏ ပြစ်တင် ရှုတ်ချမှုနဲ့ ကန့်ကွက်မှုကို လျစ်လျူရှုပြီး မကြားချင်ယောင်ဆောင်၍ ရှိသမျှ နည်းလမ်းနဲ့ အဲဒီပူးပေါင်းဆောင်ရွက်မှုစီမံကိန်းကို အတင်းအဓမ္မ တွန်းအားပေးခဲ့ပါတယ်။ ဒီအကြိမ် တရုတ်ပြည်ဘက်မှ ဖေါ်ပြထားတဲ့ ပြဿနာကြီး ၇ ရပ်ဟာ သူတို့ရဲ့ နျူကလီးယား ပြန့်ပွားမှု ပြုလုပ်တဲ့ ဖြစ်ရပ်မှန်ကို ထောက်ပြခဲ့ပါတယ်။

သုံးသပ်ချက်အစီရင်ခံစာအရ အမေရိကန်နဲ့ ဗြိတိန် နှစ်နိုင်ငံမှ နျူကလီးယား ရေငုပ်သင်္ဘောများရဲ့ နျူကလီးယားဓါတ်ပေါင်းဖိုမှာ သန့်စင်မှု ၉၀ ရာခိုင်နှုန်းကျော် ဖြစ်တဲ့ လက်နက်အဆင့် သန့်စင် ယူရေနီယံကို အသုံးပြုခဲ့ဖူးပါတယ်။ နိုင်ငံတကာ မိသားစုကြီးက အမေရိကန်နဲ့ ဗြိတိန်တို့က သြစတြေးလျကို လွှဲပြောင်းပေးအပ်တဲ့ နျူကလီးယား ကုန်ကြမ်းကလည်း လက်နက်အဆင့် သန့်စင် ယူရေနီယံ ဖြစ်တယ်လို့ ယူဆကြပါတယ်။ နိုင်ငံတကာ လက်နက် ထိန်းချုပ်ရေး ကျွမ်းကျင်ပညာရှင်များရဲ့ ခန့်မှန်းချက်အရ အထက်ပါ လွှဲပြောင်းပေးအပ်တဲ့ လက်နက်အဆင့် နျူကလီးယား ကုန်ကြမ်းတွေဟာ နျူကလီးယား လက်နက် ၆၄ စင်းမှ အစင်း ၈၀ အထိ ထုတ်လုပ်နိုင်ပါတယ်။ အမေရိကန်၊ ဗြိတိန်နဲ့ သြစတြေးလျတို့ နျူကလီးယား ရေငုပ်သင်္ဘော ပူးပေါင်းဆောင်ရွက်မှုဟာ နျူကလီးယား ပြန့်ပွားတဲ့ အန္တရာယ်ကြီးကို ပြောင်ပြောင်တင်းတင်းလုပ်ဆောင်တဲ့ ဆိုသွမ်းတဲ့လုပ်ရပ်ပဲလို့ China Media Group မှ သတင်း ဆောင်းပါး တစ်ပုဒ်မှာ ရေးသား ဖေါ်ပြထားပါတယ်။