“Perseverance” စူးစမ်းလေ့လာရေးယာဉ်သည် အင်္ဂါဂြိုဟ်ပေါ်တွင် အော်ဂဲနစ်ဒြပ်စင် အများအပြားကို တွေ့ရှိ

(GMT+08:00)2022-09-19 14:33:02  

အမေရိကန် အမျိုးသား အာကာသ လုပ်ငန်း ဌာန(NASA)၏ “Perseverance” စူးစမ်းလေ့လာရေး ယာဉ်သည် အင်္ဂါဂြိုဟ်ပေါ်တွင် အော်ဂဲနစ်ဒြပ်စင် အများအပြားကို တွေ့ရှိခဲ့ကြောင်း၊ ယင်းအော်ဂဲနစ် ဒြပ်စင်သည် သက်ရှိဖြစ်ပေါ်လာရန် မရှိမဖြစ် လိုအပ်သည့် ကာဗွန်ပါဝင်သော မော်လီကျူးများ ဖြစ်ကြောင်း၊ ထိုအရာများကို ရှာဖွေတွေ့ရှိခြင်းကြောင့် အင်္ဂါဂြိုဟ်၏ ခြောက်သွေ့သော မြစ်ဝကျွန်းပေါ် ဒေသများသည် သက်ရှိများကိုရှာဖွေရန်အတွက် အကောင်းဆုံး ဒေသဖြစ်နိုင်ဖွယ်ရာ ရှိကြောင်း ဗြိတိန်နိုင်ငံ "New Scientist" မဂ္ဂဇင်း၏ ၀က်ဘ်ဆိုက်တွင် မကြာသေးမီက ဖော်ပြခဲ့သည်။

သို့သော် ယင်းနမူနာများကို အတည်ပြုနိုင်အောင် ကမ္ဘာမြေသို့ ပြန်ပို့ပြီး စစ်ဆေးရန်လိုအပ်ကြောင်း၊ NASA နှင့် ဥရောပ အာကာသ လုပ်ငန်း ဌာနတို့သည် အာကာသယာဉ်နှစ်စင်းကို ၂၀၂၆ ခုနှစ်တွင် အင်္ဂါဂြိုဟ်သို့ လွှတ်တင်မည်ဖြစ်ပြီး တစ်ခုသည် ၂၀၂၈ခုနှစ်တွင် အင်္ဂါဂြိုဟ်ပေါ်သို့ ဆင်းသက်မည်ဖြစ်ကာ Perseverance မှ နမူနာများကို လက်ခံရရှိမည်ဖြစ်ကြောင်း၊၂၀၃၁ ခုနှစ်တွင် ကမ္ဘာမြေသို့ ပြန်ပို့မည် ဖြစ်ကြောင်း သိရသည်။