ဂျပန်၏ နောက်ဆုံးစာရင်းအရ Kishida အစိုးရအဖွဲ့အပေါ် ထောက်ခံမှုနှုန်း ၂၉ ရာခိုင်နှုန်းသို့ ကျဆင်း

(GMT+08:00)2022-09-19 12:03:18  

ဂျပန်နိုင်ငံ "Mainichi Shimbun" ၏ စက်တင်ဘာလ ၁၇ ရက်နေ့မှ ၁၈ ရက်နေ့ အထိ အသစ်ကောက်ယူသော ပြည်သူ့ဆန္ဒ စာရင်းအရ Kishida အစိုးရအဖွဲ့အပေါ် ထောက်ခံမှုနှုန်းသည် ၂၉ ရာခိုင်နှုန်းသို့ ကျဆင်းသွားပြီး ပြီးခဲ့သည့်တစ်ကြိမ် ကောက်ယူ သော စာရင်းထက် ၇ ရာခိုင်နှုန်းကျဆင်းသွား၍ ပထမဆုံးအကြိမ် ၃၀ ရာခိုင်နှုန်း အောက်သို့ ကျဆင်းသွားကြောင်း၊ မထောက်ခံသည့် နှုန်းသည် ၁၀ ရာခိုင်နှုန်း မြင့်တက်လာပြီး ၆၄ ရာခိုင်နှုန်းအထိ ရောက်ရှိလာကြောင်း "Mainichi Shimbun" သတင်းဌာနက စက်တင်ဘာလ ၁၉ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့ပါသည်။