ကန်ရေတပ်မှ လေယာဉ်တစ်စင်းသည် ငှက်နှင့်တိုက်မိပြီးနောက် လူနေရပ်ကွက်အတွင်းသို့ ပျက်ကျခဲ့ဖူးကြောင်း သတင်းဟောင်းထွက်ပေါ်

(GMT+08:00)2022-09-19 13:57:21  

အမေရိကန် FoxNews ကွန်ရက်မှ ၁၇ ရက်နေ့ထုတ်သတင်းအရ မကြာသေးမီက ထုတ်ပြန်ခဲ့သော ဗီဒီယိုသစ်တစ်ခုတွင် အမေရိကန်ရေတပ်မှ လေယာဉ်တစ်စင်းသည် လေထဲတွင် ငှက်နှင့်တိုက်မိခဲ့သည့်ဓါတ်ပုံကို မှတ်တမ်းထားခဲ့ကြောင်း၊ နောက်ဆုံးတွင် ယင်းလေယာဉ်သည် Texas ပြည်နယ် လူနေရပ်ကွက်တစ်ခုအတွင်းသို့ ပျက်ကျခဲ့ကြောင်း သိရပါသည်။ ၂၀၂၁ ခုနှစ် စက်တင်ဘာက ၁၉ ရက်နေ့က ယင်းမတော်တဆမှု ဖြစ်ပွားခဲ့ပြီး ယင်းလေယာဉ်ဆင်းသက်ရာတွင် ငှက်တစ်ကောင် ခုန်ဆင်းသွားသည်ဟု ဗီဒီယိုဓါတ်ပုံထဲ၌ ပြသပါသည်။ အရေးပေါ်အခြေအနေနှင့် တွေ့မိသောကြောင့် ပြေးလမ်းပေါ် ဆင်းသက်ရန် ကြိုးစားမည်ဟုလေယာဉ်မှူးကပြောခဲ့သော်လည်း တာဝန်မပြီးမြောက်နိုင်ခဲ့ဟု ပြောကြား ကြောင်း ဗီဒီယိုထဲတွင် ကြားရပါသည်။ နောက်ဆုံးတွင် လေယာဉ်ပေါ်ရှိ လေယာဉ်မှူး နှစ်ဦးတို့သည် လေယာဉ်ပျက်ကျမှုမတိုင်မီ လွတ်မြောက်ခဲ့ပြီး ဒဏ်ရာရရှိမှုမပြင်းထန်ကာ လေယာဉ်သည် Texas ပြည်နယ် လူနေရပ်ကွက်တစ်ခုသို့ ပျက်ကျခဲ့သောကြောင့် နေအိမ်တစ်လုံးထက်မနည်း ပျက်စီးခဲ့ပါသည်။