အမေရိကန် အသေးစားလေယာဉ် ၂ စင်း ဝေဟင်၌ တိုက်မိပြီး လူ ၃ ဦးသေဆုံး

(GMT+08:00)2022-09-19 12:04:43  

ဒေသစံတော်ချိန် စက်တင်ဘာလ ၁၇ ရက်နေ့ နံနက် ၈ နာရီခန့်တွင် အမေရိကန်နိုင်ငံ ကော်လိုရာဒိုပြည်နယ် လောင်မုန့်မြို့ရှိ လေဆိပ်တစ်ခု အနီးတစ်ဝိုက် ဝေဟင်၌ အသေးစားလေယာဉ် ၂ စင်း တိုက်မိပြီး လူ ၃ ဦးသေဆုံးခဲ့ကြောင်း၊ အဆိုပါ လေယာဉ် ၂ စင်းသည် မတူညီသောနေရာ ၂ ခုတွင် ပျက်ကျခဲ့ကြောင်း သတင်းအရ သိရပါသည်။

ထိုနေ့တွင် ရဲများက ဖုန်းခေါ်ဆိုမှု များစွာရရှိခဲ့သည်။ ကယ်ဆယ်ရေးသမားများ လေယာဉ် ပျက်ကျရာနေရာသို့ ရောက်ရှိသည့်အခါ လေယာဉ်ပေါ်လိုက်ပါလာသူအားလုံး သေဆုံးသွားပြီဖြစ်သည်။ မျက်မှောက်အချိန်တွင် သေဆုံးသူ ၃ ဦး၏ အမည်စာရင်းကို မထုတ်ပြန်သေးဘဲ အမေရိကန် သယ်ယူပို့ဆောင်ရေးလုံခြုံမှု ကော်မတီသည် အဆိုပါ လေယာဉ်တိုက်မှုကို စုံစမ်းစစ်ဆေးနေကြောင်း China Media Group မှ သတင်းအရ သိရပါသည်။