ကာဇတ်စတန်မြို့တော်အမည်ကို Astana သို့ တရားဝင်ပြောင်းလဲ

(GMT+08:00)2022-09-19 12:03:57  

စက်တင်ဘာလ ၁၉ ရက်နေ့ နံနက်လင်းအားကြီးအချိန်တွင် ကာဇတ်စတန်နိုင်ငံ အစိုးရပိုင် သတင်းစာ "Kazakhstan Pravda" မှ သမ္မတ၏ အမိန့်ကိုထုတ်ပြန်ရာတွင် သမ္မတ Tokaev သည် နိုင်ငံ၏ မြို့တော်အမည်ကို Astana အဖြစ် ပြောင်းလဲသည်ဟု ဖော်ပြခဲ့ပါသည်။ သမ္မတအမိန့်အရ ယင်းဆုံးဖြတ်ချက်သည် တရားဝင် ထုတ်ပြန်သည့်နေ့မှစ၍ အာဏာတည်ခြင်း ဖြစ်သည်။