စက်တင်ဘာလ ၁၉ ရက်နေ့ နံနက် ၄ နာရီ ၄ မိနစ်တွင် မြန်မာအလယ်ပိုင်းဒေသ ပုဂံအနီးတစ်ဝိုက်၌ ရစ်ခ်ျတာစကေး ၄့၆ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ကြောင်း၊ ငလျင်ဗဟိုချက်မသည် ပုဂံရှိ ညောင်ဦးမြို့နယ် အနောက်မြောက်ဘက် ကီလိုမီတာ ၂၀ အကွာအဝေး နေရာ အနက် ၁၀၆ ကီလိုမီတာ ၌ တည်ရှိကြောင်း မြန်မာ့ မိုးလဝေသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ သတင်းအရ သိရပါသည်။ ယခုအချိန်အထိ သေကျေဒဏ်ရာရရှိမှု သတင်းမထုတ်ပြန်သေးကြောင်း သိရပါသည်။
ပုဂံတွင် ရစ်ခ်ျတာစကေး ၄့၆ အဆင့်ရှိ ငလျင်လှုပ်ခတ်
(GMT+08:00)2022-09-19 12:05:22