တရုတ်နိုင်ငံ ဆောင်းဦးရာသီ စပါးရိတ်သိမ်းမှုသည် မို သန်း ၁၇၀ ကျော်ရှိပြီ

(GMT+08:00)2022-09-19 14:32:32  

  တရုတ်နိုင်ငံ လယ်ယာ­နှင့် ကျေးလက်ရေးရာဝန်ကြီးဌာနမှ စာရင်းကောက်ယူမှုအရ တစ်ပြည်လုံး ဆောင်းဦး ရာသီ စပါးရိတ်သိမ်းမှုသည် မို သန်း ၁၇၀ ကျော်ရှိပြီဖြစ်ပြီး စုစုပေါင်း ပမာဏ၏ ၁၃့၃ ရာခိုင်နှုန်း ရှိကြောင်း၊ ယင်းအနက်တွင် တရုတ်အနောက်တောင်ပိုင်းပြည်နယ်များတွင် တစ်ဝက်ကျော် ရိတ်သိမ်း ထားပြီဖြစ်ပြီး ယန်ဇီမြစ် အလယ်ပိုင်းနှင့် မြစ်ကြေပိုင်း၊ တရုတ်နိုင်ငံတောင်ပိုင်း ပြည်နယ်များတွင် ၂၀ ရာခိုင်နှုန်း ရိတ်သိမ်းထားကာ အနောက်မြောက်ပိုင်းပြည်နယ်များတွင် ၁၀ ရာခိုင်နှုန်းကျော် ရိတ်သိမ်းထားပြီဖြစ်၍ အရှေ့မြောက်ပိုင်းဒေသနှင့် မြစ်ဝါမြစ်၊ ဟွယ်မြစ်ဒေသများတွင် အနည်းငယ် ရိတ်သိမ်း ထားပြီဖြစ်ကြောင်း သိရပါသည်။