တရုတ်နှင့်ရုရှားသည် ၁၇ ကြိမ်မြောက် မဟာဗျူဟာ လုံခြုံရေး ဆွေးနွေးပွဲနှင့် ဥပေဒေ ကျင့်သုံးရေး ပူးပေါင်းဆောင်ရွက်မှုစနစ် ၇ ကြိမ်မြောက်အစည်းအဝေး ကျင်းပမည်

(GMT+08:00)2022-09-19 13:56:05  

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ ကော်မတီဝင်၊ ဗဟို နိုင်ငံခြားရေးရာ လုပ်ငန်းကော်မတီရုံး ဥက္ကဋ္ဌ ယန်ကျယ်ချီနှင့် တရုတ်ကွန်မြူနစ်ပါတီ ဗဟို ကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ကော်မတီဝင်၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အတွင်းရေးမှူး၊ ဗဟိုကော်မတီနိုင်ငံရေးနှင့် တရားဥပဒေရေးရာ ကော်မတီ အတွင်းရေးမှူး ကောရှင်းခွင်းတို့၏                 ဖိတ်ကြားချက်အရ ရုရှား ပြည်ထောင်စု လုံခြုံရေး ကွန်ဖရင့် အတွင်းရေးမှူး ပါဂျူစီဖ်သည် ယခုလ ၁၈ ရက်နေ့မှ ၁၉ ရက်နေ့အထိ တရုတ်နိုင်ငံတွင် ကျင်းပမည့် တရုတ်-ရုရှား ၁၇ ကြိမ်မြောက် မဟာဗျူဟာလုံခြုံရေးဆွေးနွေးပွဲနှင့် ဥပဒေကျင့်သုံးရေး ပူးပေါင်း ဆောင်ရွက်မှုစနစ် ၇ ကြိမ်မြောက်အစည်းအဝေးသို့ တက်ရောက်မည်ဟု တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်က ယခုလ ၁၈ ရက်နေ့တွင် ပြောကြား ခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။