ဟာရီကိန်းမုန်တိုင်း Fiona ကြောင့် ပွာတိုရီကိုတွင် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု ဖြစ်ပွား

(GMT+08:00)2022-09-19 14:34:22  

အမေရိကန်နိုင်ငံ၏ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုကို ကြီးကြပ်နေသော ဝက်ဘ်ဆိုက်တစ်ခု၏ စာရင်းကောက်ယူချက်အရ ဟာရီကိန်းမုန်တိုင်း Fiona ကြောင့် အမေရိကန်နိုင်ငံပိုင် ပွာတိုရီကိုတွင် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု ဖြစ်ပွားခဲ့သည်ဟု ဒေသစံတော်ချိန် စက်တင်ဘာလ ၁၈ ရက်နေ့တွင် CNN က ရေးသားဖော်ပြခဲ့ပါသည်။       ပွာတိုရီကိုအုပ်ချုပ်ရေးမှူး Pedro Rafael PierluisiUrrutia က ၄င်းသတင်းကို အတည်ပြုပြီး ဒေသခံအရာရှိများသည် လျှပ်စစ်ဓာတ်အားကို ပြန်လည်ရရှိရန် အရေးပေါ် အစီအစဉ်ကို စတင်ခဲ့သည်ဟု ပြောကြားခဲ့ပါသည်။

စက်တင်ဘာလ ၁၈ ရက်နေ့နံနက်ပိုင်းက အမေရိကန်သမ္မတဂျိုး-ဘိုင်ဒန် သည် ပွာတိုရီကိုတွင် ဟာရီကိန်းမုန်တိုင်း Fiona ကြောင့် အရေးပေါ်အခြေအနေ ဖြစ်ပွား နေသည်ဟု ကြေညာခဲ့သည့်အပြင် ပြည်ထောင်စုအစိုးရ သက်ဆိုင်ရာဌာနများအား ပွာတိုရီကို သဘာဝဘေးကယ်ဆယ်ရေးလုပ်ငန်းအတွက် အကူအညီပေးရန်လည်း ခွင့်ပြုခဲ့ ပါသည်။